သားဖြစ်သူရေမွန် ကွယ်လွန်ခြင်း တစ်နှစ်တစ်လပြည့်နေ့မှာ မပျက်မကွက်ပဲ ကုသိုလ်တွေပြုပေးနေတဲ့အကြောင်း ပြောလာတဲ့ ခင်မြတ်မွန်

အဆိုတော်ရေမွန်ကတော့ သူ့ကိုချစ်ကြတဲ့မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ပရိသတ်တွေကို ခွဲခွာပြီး ပြန်မလာနိုင်တော့တဲ့ ခရီးရှည်ကြီးကို ထွက်ခွာသွားနှင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ရေမွန့်ရဲ့ မိခင်ဖြစ်တဲ့ ခင်မြတ်မွန်ကလည်း ရေမွန်ကို နေ့စဉ်နေ့တိုင်းလိုလိုသတိရနေပြီး ရေမွန့်အတွက် ရည်စူးကုသိုလ်တွေအမြဲတမ်း ပြုပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခင်မြတ်မွန်က ရေမွန်ကွယ်လွန်ခြင်း တစ်နှစ်တစ်လပြည့်အနေနဲ့ ကုသိုလ်တွေပြုပေးခဲ့တဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။

“ဒီနေ့. . .တွတ်ပီလေး(တစ်နှစ်တစ်လပြည့်တဲ့နေ့)ပါ။ မနှစ်က ဒီအချိန်တော့..သူဆုံးပါးခဲ့ရာနေရာမှာ သံဃာများပင့်ဖိတ် ဆွမ်း၊သင်္ကန်း၊ နဝကမ္မကပ်လှူကာ မိတ်ဆွေများကိုဖိတ်ကြားပြီး ကြက်ဆီထမင်းကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ ဒီနှစ်တော့ နေအိမ်ဘုရားမှာဘဲ သူ့အတွက်ရည်စူးပြီး ကောင်းမှူပြု အမျှပေးဝေပါတယ် 🙏🙏🙏 တွတ်ပီလေး မြင့်မြတ်သောဘုံဘဝမှ သာဓုခေါ်ပါ..🌹 ချစ်ခင်ရသောမိတ်ဆွေများလဲ အမျှရကြ၍ ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေ 🥰” ဆိုပြီး ပြောလာပါတယ်။

ခင်မြတ်မွန်ကတော့ သားဖြစ်သူကို သတိရရင်း လစဉ်လတိုင်းလိုလို မပျက်မကွက် ကုသိုလ်တွေပြုပေးနေတာပဲဖြစ်ပါတယ်။ ရေမွန်တစ်ယောက်လည်း မိသားစုတွေပြုပေးသမျှ ကုသိုလ်အတွက် ကောင်းရာဘုံဘဝကနေ ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြမယ် ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khin Myat Mon’s fb

error: Alert: Content is protected !!