သားဖြစ်သူမင်းသန့်မောင်မောင်ရဲ့ကျောင်းစရိတ်တွေအတွက် ကိုယ့်အတွက်ကိုယ်တောင် ဖုန်းအကောင်းတစ်လုံးဝယ်မကိုင်ရက်ခဲ့ဘူးဆိုတဲ့ စင်ရော်မောင်မောင်

နိုင်ငံကျော် ဒါရိုက်တာကြီး အကယ်ဒမီ စင်ရော်မောင်မောင်ကတော့ သူ့ရဲ့ဘဝတစ်သက်တာတစ်လျှောက်မှာ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ စင်ရော်မောင်မောင်ဟာ အိမ်ထောင်ကွဲတစ်ခုလပ်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ဇနီးဟောင်းနဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်အပေါ်မှာတော့ တာဝန်ကျေပွန်တာထက်ကိုပိုတဲ့ ဖခင်ကောင်းတစ်ယောက်ပါပဲ။ ဒီကနေ့လည်း စင်ရော်မောင်မောင်က သားဖြစ်သူမင်းသန့်မောင်မောင်ရဲ့ကျောင်းစရိတ်တွေအတွက် ကိုယ့်အတွက်ကိုယ်တောင် ဖုန်းအကောင်းတစ်လုံးဝယ်မကိုင်ရက်ခဲ့တဲ့ သူ့ရဲ့ဖြစ်ရပ်မှန်အကြောင်းကို အခုလိုပဲပြောလာပါတယ်။

စင်ရော်မောင်မောင်က “လွန် သော ၄ နှစ် … ဒီနေ့ငွေ၄သိန်းကိုသေချာထည့်ပြီးဆူလေးလမ်းကိုထွက်ခဲ့သည်။ ၃သိန်းတန် SAMSUMG ဝယ်မည်။ ပြီးနယူးဒေလီတွင် ချစ်တီးထမင်းအဝအပြဲစားမည်။SAMSUMG Showroom ကိုရောက်တော့၊ အရောင်းစာရေးမလေးက ရှင်းပြသည်။ ဈေးကလည်းကိုယ်လိုချင်သောဈေး။ ဝယ်ဖို့ဆုံးဖြတ်လိုက်သည်။ ထိုအချိန်Viber ဖုန်းခေါ်၍ “အဖေ ကျောင်းဆက်တက်မလို့S$၂၂၀၀သွင်းရမယ်။ လိုလိုမယ်မယ်၂၅၀၀လောက်ပို့ပေးပါ။” “သားလိုလိုမယ်မယ်၃၀၀၀ပို့လိုက်မယ်။ မဖြစ်မနေသွင်းလိုက်ပါ။” အရောင်းစာရေးမလေးသည် ကျနော်ကိုလေးစားသောမျက်နာဖြင့် ကြည့်နေပါသည်။ ကျနော်ကတောင်းပန်အားနားသောမျက်နာဖြင့်ပြန်ကြည့်ပြီး။ သမီး ဦးနောက်တစ်ခေါက်လာပါမည်ဟု ပြောပြီး အပြင်ထွက်လိုက်သည်။ သားအတွက်S$3000 ပေးဖို့လက်သွက်ခဲ့သော်လည်း။ မိမိအတွက် $၃၀၀တန် ဝယ်ရန်လက်မသွက်။ သားကျောင်းဆက်တက်မည်ဆို၍ပျော်နေသည်။ လမ်းတောင်လျှောက်မရ။ ပန်းခြံထိပ်ကပြောင်းဖူး၂ဖူးဝယ်ပြီးပန်းခြံထဲကခုံမှာထိုင်စားပြီးရေအဝသောက်လိုက်သည်။ ပြီးသားဆီMessageရိုက်လိုက်သည်။ “သား ပျက်လို့မသုံးတဲ့ဖုန်းလေးလူကြံ ုနဲ့ထည့်ပေးလိုက်။ဒီမှာပြင်သုံးလို့ရတယ်’ သားရဲ့ဖေဖေ.. အဖေသည်သားအတွက်တခါတရံစစ်သူကြီး ဖြစ်၍ တခါတရံအသေခံတပ်သားဖြစ်သည်။ မည်သို့ပင်ဖြစ်ပါစေ အဖေတိုင်းသည်အဖေဖြစ်ပါသည်။ အဖေတိုင်းတာဝန်ကျေပါစေ။ ထာ ဝ ရအ ဖေ ပါ ဗျာ.. စင် ရော် မောင် မောင် ” ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

မင်းသန့်မောင်မောင်ကလည်း မိဘတွေပံ့ပိုးပေးရကျိုးနပ်အောင်ကို ပညာရေးမှာထူးချွန်သူတစ်ယောက်ဖြစ်ပြီး အခုလက်ရှိမှာလည်း ဘွဲ့ရပြီးလို့ အလုပ်တွေကိုဦးစီးလုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ စင်ရော်မောင်မောင်ရဲ့ သားအပေါ်ထားရှိတဲ့ မေတ္တာစာလေးကိုဖတ်ပြီး ပရိသတ်ကြီးလည်း ကြည်နူးနေမိမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Zin Yaw Mg Mg ‘s fb

error: Alert: Content is protected !!