သာမာန်လူတွေမချစ်တဲ့ ခရုတစ်ကောင်အပေါ်မှာတောင် အရမ်းချစ်ပြီး အရမ်းစိတ်ပူတတ်တဲ့ ပိုင်တံခွန်ရဲ့ စိတ်ထားလေး

သရုပ်ဆောင်၊ မော်ဒယ်လ် ပိုင်တံခွန်ကတော့ စိတ်ထားကောင်းသလို ဖော်ရွေရင်းနှီးတတ်တာကြောင့် ပရိသတ်တွေအကုန်လုံးက ချစ်ကြရသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ လူငယ်တစ်ယောက်ဖြစ်ပေမယ့် သူ့ကိုယ်သူစည်းနဲ့ကမ်းနဲ့နေထိုင်ပြီး ဘဝကို အေးဆေးတည်ငြိမ်စွာဖြတ်သန်းနေလျက်ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ အနေအေးသူတစ်ယောက်ဖြစ်တဲ့အပြင် တိရစ္ဆာန်ချစ်တတ်သူတစ်ယောက်လည်းဖြစ်တဲ့ ပိုင်တံခွန်ဟာ သူ့ရဲ့အားလပ်ချိန်တွေမှာ သူချစ်တဲ့အကောင်လေးတွေနဲ့ အချိန်ကုန်ဆုံးတတ်သူတစ်ယောက်ဖြစ်ပါတယ်။

ခွေး၊ ကြောင်၊ ဖွတ်၊ ကြက်တူရွေး၊ ကြွက်၊ ငါး၊ လိပ်၊ ပုစွန်၊ ဆိတ် စတဲ့ အကောင်မျိုးစုံကို မွေးဖွားထားတဲ့အပြင် တွားသွားသတ္တဝါလေးတွေကိုလည်း မွေးဖွားထားသူဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ပိုင်တံခွန်က သူမွေးထားတဲ့ ခရုလေးတစ်ကောင်အပေါ်မှာတောင် အရမ်းချစ်ပြီး သံယောဇဉ်ရှိကြောင်းကို ခရုလေးပျောက်သွားလို့ အသည်းအသန်ရှာရတဲ့ ဗီဒီယိုလေးမှာ တွေ့ရပါတယ်။ ဒါ့အပြင် ပိုင်တံခွန်က သူ့ရဲ့ခရုလေးကို သူနဲ့အဝေးမှာရှိနေရင်တောင် စိတ်မချကြောင်း “အဲလိုပဲ သူတို့ မင်းသမီးတွေနဲ့ ရူတင်သွားတဲ့ အချိန်ဆိုလည်း ကိုယ်က အိမ်ကနေ ထိုင်စိတ်ပူပြီး video call ခေါ်ရသေး 😂” ဆိုပြီး သူ့ကိုယ်သူပြောလာပါတယ်။

ပိုင်တံခွန်ကတော့ သွေးချင်းမောင်နှမတွေအပေါ်သာမကပဲ သူနဲ့အနီးကပ်ရှိတဲ့ တိရစ္ဆာန်လေးတွေအပေါ်ကိုတောင် အရမ်းသံယောဇဉ်ကြီးတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ထူးထူးဆန်းဆန်း ပိုင်တံခွန်ရဲ့ စိတ်ထားလေးကိုသိရပြီး အံ့သြနေကြမယ်ဆိုတာ သေချာပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Takhon’s fb

error: Alert: Content is protected !!