သရုပ်ဆောင်၊ ဒီဂျေ၊ ကဗျာဆရာ အဖြစ် နာမည်တွေရှိပြီးသားမို့ ပန်းချီဆရာလုပ်ခဲ့ရင် ဘာနာမည်ပေးရမလဲဆိုပြီး မေးခွန်းထုတ်လာတဲ့ မိုးအောင်ရင်

အဆိုတော်အောင်ရင်ရဲ့သားဖြစ်သူ သရုပ်ဆောင်မိုးအောင်ရင်ကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်းနဲ့ အောင်မြင်လာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ အကျဉ်းကျခံပြီးပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပဲ ဒီဂျေတစ်ယောက်အဖြစ်သာ အသက်မွေးဝမ်းကြောင်းပြုနေခဲ့တာပဲ ဖြစ်ပါတယ်။ မိုးအောင်ရင်က DJ Sai ဆိုတဲ့ နာမည်နဲ့ အနုပညာလမ်းကြောင်းသစ်တစ်ခုကို ဖောက်လုပ်ခဲ့ရာ အခုဆိုရင် အတိုင်းအတာတစ်ခုအထိ နာမည်ရရှိနေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မိုးအောင်ရင်က ပုသိမ်ထီးပေါ်မှာ ပန်းချီဆွဲလေ့ကျင့်နေတဲ့ သူ့ရဲ့ပုံရိပ်တွေကို မျှဝေလာခဲ့ပြန်ပါတယ်။ မိုးအောင်ရင်က “ကျွန်တော်က… သရုပ်ဆောင် – မိုးအောင်ရင်၊ Dj – [email protected]!၊ ကဗျာဆရာ – မင်းရဲ၊ ပန်းချီဆရာ – 👨‍🎨 ⁉️ ဘာနာမည်ပေးရင်ကောင်းမလဲ ပရိသတ်ကြီး..??” ဆိုပြီး ပရိသတ်ကို မေးခွန်းလေးမေးလာခဲ့ပါတယ်။

မိုးအောင်ရင်ကတော့ ဘယ်လိုအလုပ်မျိုးကိုမဆို စိတ်ဝင်စားတတ်ပြီး သူ့အနေနဲ့ အရာရာကိုနှံ့နှံ့စပ်စပ်သိချင်တတ်ချင်တာကြောင့် ပရိသတ်တွေက အစုံသုပ်လုပ်တယ်လို့တောင် စနောက်ကြတာပဲ ဖြစ်ပါတယ်။ မိုးအောင်ရင်တစ်ယောက် သရုပ်ဆောင်၊ ဒီဂျေ၊ ကဗျာဆရာအပြင် ပန်းချီဆရာပါလုပ်ဦးမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Moe Aung Yin’s fb

error: Alert: Content is protected !!