လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “သရဖူ” ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိနေတာပဲဖြစ်ပါတယ်။ တချိန်က နာမည်ကြီးပြီးသား ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်းတွဲအဖြစ် ပြောင်းလဲလိုက်ချိန်မှာလည်း ပရိသတ်တွေက ကြိုက်နှစ်သက်အားပေးကြပါတယ်။ အထူးသဖြင့် ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်တစ်ယောက်ချင်းစီတိုင်းကလည်း တာဝန်ကျေကြတာကြောင့် ပရိသတ်တွေက ပိုပြီးသဘောကျကြတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းတွဲထဲမှာ ရိုစီနေရာကနေ သရုပ်ဆောင်ထားတဲ့ သံသာညီကလည်း ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို ရရှိထားတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ရိုစီလေးကိုချစ်ကြတဲ့ ပရိသတ်တွေက ရိုစီအမှတ်တရဓာတ်ပုံလေးတွေ ခဲပန်းချီလက်ဆောင်လေးတွေ ပေးပို့ပေးကြကြောင်းကို သံသာညီက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာတာပဲဖြစ်ပါတယ်။

သံသာညီကတော့ ဇာတ်လမ်းရဲ့အရေးပါတဲ့ ဇာတ်ကောင်ဖြစ်တဲ့ ရိုစီနေရာကနေ အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့သလို ပရိသတ်တွေရဲ့လက်ခံအားပေးမှုကိုလည်း အထိုက်တန်ဆုံးရရှိခဲ့တာ ပရိသတ်ကြီးမျက်မြင်ကိုယ်တွေ့ပါပဲ။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Than Thar Nyi’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

“သရဖူ” ဇာတ်လမ်းတွဲကို ကြိုက်နှစ်သက်စွာအားပေးကြတဲ့ ပရိသတ်တွေဆီက မေတ္တာလက်ဆောင်တွေရရှိခဲ့တဲ့ သံသာညီ



သံသာညီကတော့ ဇာတ်လမ်းရဲ့အေ၇းပါတဲ့ ဇာတ်ကောင်ဖြစ်တဲ့ ရိုစီနေရာကနေ အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့သလို ပရိသတ်တွေရဲ့လက်ခံအားပေးမှုကိုလည်း အထိုက်တန်ဆုံးရရှိခဲ့တာ ပရိသတ်ကြီးမျက်မြင်ကိုယ်တွေ့ပါပဲ။


Yolo

error: Alert: Content is protected !!