“သရဖူ” ဇာတ်ကားရိုက်ကူးစဉ်က ဝါးခယ်မမြို့ခံတွေနဲ့ ပျော်ပျော်ပါးပါးမုန့်လုပ်စားဖြစ်ခဲ့ပုံကို ပြန်လည်မျှဝေလာတဲ့ ခြူးလေး

သရုပ်ဆောင်ခြူးလေးကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်အပေါ် တာဝန်ကျေစွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အများဆုံးရရှိထားသူတစ်ယောက်ပါ။ ခြူးလေးဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “သရဖူ” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးနေရာကနေ ဦးဆောင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ချီးကျူးအားပေးမှုကို အများအပြားရရှိနေလျက်ရှိပါတယ်။

ခြူးလေးက ဇာတ်လမ်းတွဲမှာလည်း ကျရာဇာတ်ရုပ်အတိုင်း အကောင်းဆုံးသရုပ်ဆောင်နိုင်သလို ရိုက်ကွင်းပေါ်မှာလည်း လူတိုင်းနဲ့ချစ်ခင်စွာပေါင်းသင်းဆက်ဆံတတ်သူလေးဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ခြူးလေးက (၂၀၂၀) ခုနှစ်က ဝါးခယ်မမြို့မှာ “သရဖူ” ဇာတ်လမ်းတွဲ သွားရောက်ရိုက်ကူးစဉ်က ဝါးခယ်မမြို့ခံတွေနဲ့ မုန့်လုပ်စားဖြစ်တဲ့ ဗီဒီယိုလေးကို အမှတ်တရပြန်လည်မျှဝေလာပေးခဲ့ပါတယ်။

ခြူးလေးကတော့ ရုပ်ရှင်အဖွဲ့သားတွေနဲ့သာမကပဲ ကိုယ်ရောက်ရှိနေတဲ့ အရပ်ဒေါသကလူတွေနဲ့လည်း မိသားစုရင်းချာလို ရင်းရင်းနှီးနှီးဆက်ဆံတတ်တာ သူမရဲ့ အရည်အချင်းတစ်ခုပါပဲ။ ပရိသတ်ကြီးလည်း ဝါးခယ်မမြို့ကိုရောက်ခဲ့တဲ့ ခြူးလေးရဲ့ အမှတ်တရဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Chue Lay ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Chue Lay ‘s fb

error: Alert: Content is protected !!