သမီးလေး တေးအမရာလှိုင်ရဲ့ (၇) လပြည့်မွေးနေ့ကို မိသားစုစုံလင်စွာနဲ့ ဖြတ်သန်းခဲ့ကြတဲ့ အိမ့်ချစ်
အဆိုတော်မလေး အိမ့်ချစ်ကတော့ ဂီတအနုပညာလောကမှာ ပရိသတ်အားပေးမှုကိုလက်ခံရရှိပြီး ဆယ်စုနှစ်တစ်ခုတိုင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ဟာ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ဖြစ်နေပြီမို့ မိသားစုအတွက်အချိန်ပေးရသလို သူမရဲ့ ပရိသတ်တွေနဲ့လည်း အဆက်ပြတ်ဝေးကွာသွားခြင်းမရှိအောင် အလုပ်တွေကြိုးစားလုပ်ကိုင်နေလျက်ရှိတာကိုလည်း တွေ့ရပါတယ်။
လက်ရှိမှာတော့ အိမ့်ချစ်တို့မိသားစုဟာ ထိုင်းနိုင်ငံမှာလည်ပတ်နေလျက်ရှိပြီး မိသားစုအချိန်တွေကို အတူတူကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ မနေ့က မတ်လ (၆) ရက်နေ့ကတော့ အိမ့်ချစ်ရဲ့သမီးလေး တေးအမရာလှိုင်ရဲ့ (၇) လပြည့်မွေးနေ့လေးဖြစ်ပြီး သမီးလေးရဲ့မွေးနေ့ကို ဖေဖေ မေမေ မိသားစုစုံလင်စွာနဲ့ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။
အိမ့်ချစ်ရဲ့အမျိုးသားကတော့ နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေသူမို့ အိမ့်ချစ်တို့သားအမိအနားမှာ အချိန်ပြည့်ရှိမနေနိုင်ပေမယ့် အလုပ်အားချိန်တိုင်း မိန်းမနဲ့သမီးဆီ ပြန်လာပြီး မိသားစုအချိန်တွေကုန်ဆုံးလေ့ရှိတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်တို့မိသားစုလေး အမြဲတမ်းမခွဲမခွာနဲ့ ထာဝရချစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Eint Chit’s fb