သမီးလေးအမရာမမွေးဖွားခင် ကိုယ်ဝန်ဆောင်ဗိုက်လေးနဲ့ အမိုက်စားဓာတ်ပုံတွေရိုက်ကူးခဲ့တဲ့ အိမ့်ချစ်
အဆိုတော်ကြီးချစ်ကောင်းရဲ့သမီး အိမ့်ချစ်ကတော့ ဖခင်ဖြစ်သူရဲ့ ဖေးမမှုကြောင့် အနုပညာလောကထဲဝင်ရောက်လာခဲ့သူဖြစ်ပြီး အခုဆိုရင် အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်လို့နေပြီဖြစ်တဲ့ အိမ့်ချစ်ဟာ အခုဆိုရင် သူမရဲ့ ပထမဦးဆုံးရင်သွေးလေးကိုလည်း လွယ်ဆောင်ထားရပြီဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ သူမရဲ့သမီးလေးကို မွေးဖွားဖို့ အနုပညာအလုပ်တွေကိုရပ်နားထားပြီး ကိုယ့်ကိုကိုယ်သာဂရုစိုက်အချိန်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။
ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်ထားရပြီဖြစ်တဲ့ အိမ့်ချစ်ဟာ မိခင်လောင်းတို့ရဲ့သဘာဝအတိုင်း သမီးလေးကိုမြင်တွေ့ရဖို့ စိတ်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ ဒီတစ်ခါမှာ သမီးလေးအမရာမမွေးဖွားခင် ကိုယ်ဝန်ဆောင်ဗိုက်လေးနဲ့ အမိုက်စားဓာတ်ပုံတွေရိုက်ကူးခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။
အိမ့်ချစ်ကတော့ အမိုက်စားဓာတ်ပုံတွေရိုက်ကူးပြီး ကိုယ်ဝန်ဆောင်အမှတ်တရ ဓာတ်ပုံလေးတွေကို သိမ်းဆည်းထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ့်ချစ်ရဲ့ အမိုက်စားပုံရိပ်လေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Eint Chit’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Eint Chit’s fb