သမီးလေးရဲ့ ပထမဦးဆုံးခရီးစဉ်အဖြစ် စင်္ကာပူနိုင်ငံကိုပို့ပေးခဲ့တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်း
သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူဘဝကတည်းက လိုက်ဖက်လွန်းတဲ့စုံတွဲတွေအဖြစ် ပရိသတ်တွေရဲ့ သက်မှတ်ခြင်းခံရတာပဲဖြစ်ပါတယ်။ .ချစ်သူဘဝမှာကတည်းက ရင်သွေးလေးကို ရရှိခဲ့တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာပဲ လက်ထပ်ခဲ့ကြတာ ပဲဖြစ်ပါတယ်။ အခုဆိုရင် အိမ်ထောင်သက်အနည်းငယ်ရလာခဲ့ပြီဖြစ်တဲ့ ခင်လွှမ်းတို့ဇနီးမောင်နှံဟာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ပေးပြီး အိမ်ထောင်တစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ခင်လွှမ်းက သူမရဲ့ဖေ့စ်ဘုတ်ပေ့ချ်လေးကနေပြီး သူမတို့မိသားစုရဲ့ ခရီးသွားအမှတ်တရဓာတ်ပုံတွေကို မျှဝေလာပါတယ်။ ခင်လွှမ်းက “သမီးလေးရဲ့ ပထမဆုံး ခရီးစဉ် သူလေး သဘောတေကောင်းနေလို့ တော်သေးတယ် 🥰” ဆိုပြီး စင်္ကာပူက UNIVERSAL STUDIOS မှာ လည်ပတ်နေတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေဆီ မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။
ခင်လွှမ်းနဲ့ စည်ဖြိုးတို့ကတော့ သမီးလေးရဲ့ ပထမဦးဆုံးခရီးစဉ်အဖြစ် ပြည်တွင်းခရီးစဉ်သာမကပဲ ပြည်ပခရီးစဉ်ကို လိုက်ပို့ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်လွှမ်းတို့ မိသားစုပုံရိပ်လေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Lifestyle by Hlwan ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
error: Alert: Content is protected !!