သမီးလေးမွေးနေ့အလှူအဖြစ် ဆေးရုံပေါ်မှာပဲ ရတနာအောင်မြေဆရာတော်ကို သင်္ကန်းကပ်လှူပူဇော်ခဲ့တဲ့ ဘေဘီမောင်နဲ့ သားဂန်းတို့ဇနီးမောင်နှံ

အဆိုတော်သားဂန်းနဲ့ သရုပ်ဆောင်ဘေဘီမောင်တို့ ဇနီးမောင်နှံကတော့ ပြီးခဲ့တဲ့ သြဂုတ်လ (၂၄) ရက်နေ့မှာပဲ သူတို့ရဲ့ သမီးဦးလေး ဘီလီယံကို ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဘေဘီမောင်နဲ့ သားဂန်းတို့ဟာ သူတို့ရဲ့ဘဝထဲကို ဝင်ရောက်လာခဲ့တဲ့ သမီးလေးကို အရမ်းဂရုစိုက်အချစ်ပိုနေကြပြီး သမီးလေးအတွက် အကောင်းဆုံးတွေကိုပဲ ဖန်တီးပေးဖို့ ကြိုးစားနေကြတဲ့ မိဘနှစ်ပါးပဲ ဖြစ်ပါတယ်။

သမီးလေးကိုယ်ဝန်ဆောင်စဉ်ကတည်းက ဘာသာရေးနဲ့ ကုသိုလ်ရေးကို ပိုမိုအားစိုက်လုပ်ကိုင်ဖြစ်ခဲ့တဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ဟာ မနေ့က သြဂုတ်လ (၂၅) ရက်နေ့မှာလည်း သမီးလေးဘီလီယံမွေးနေ့ကုသိုလ်အဖြစ် ပင်လုံဆေးရုံကိုကြွလာတဲ့ ရတနာအောင်မြင်ဆရာတော်ကို သင်္ကန်းဆပ်ကပ်လှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ်။

သမီးလေးကတော့ မေမေ့ဝမ်းကြာတိုက်ထဲရှိစဉ်ကတည်းက မေမေက ကုသိုလ်တွေပြုလုပ်ပေးခဲ့သလို သမီးလေးမွေးမွေးပြီးချင်း ရက်ပိုင်းအတွင်းမှာပဲ မွေးနေ့ကုသိုလ်တွေပြုလုပ်ပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။ သမီးလေး ဘီလီယံလည်း ဘဝတစ်လျှောက် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yadanar Aung Myay Yeik Thar’s fb

error: Alert: Content is protected !!