သမီးလေးဖောင်းဖောင်း ရက်(၁၀၀) ပြည့်မွေးနေ့အမှတ်တရအဖြစ် သံဃာတော်တွေကိုဝါဆိုသင်္ကန်းကပ်လှူခဲ့တယ်ဆိုတဲ့ သူထူးစံနဲ့ထိုက်ဆုဝင်း

အကယ်ဒမီ သူထူးစံနဲ့ သရုပ်ဆောင် ထိုက်ဆုဝင်းတို့ကတော့ တူညီတဲ့ အနုပညာနယ်ပယ်ထဲမှာကျင်လည်ရင်း ဖူးစာဆုံလက်ထပ်ခဲ့ကြသူများဖြစ်ပါတယ်။ သူထူးစံနဲ့ ထိုက်ဆုဝင်းတို့က လက်ထပ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ဧပြီလ (၁) ရက်နေ့ကပဲ သူတို့ရဲ့ ပထမဦးဆုံးသမီးလေးကို ပိုင်ဆိုင်ထားခဲ့ပြီပဲဖြစ်ပါတယ်။ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ဟာ အနုပညာရှင်ဇနီးမောင်နှံဖြစ်ပေမယ့် အနေအထိုင်အေးဆေးပြီး သိုသိုသိပ်သိပ်နေတတ်ကြသူတွေဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သူထူးစံက သူ့ရဲ့သမီးလေးနဲ့ပတ်သက်တဲ့ အလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်း သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။ သူထူးစံက “ကျွန်တော့်သမီးလေး ရက်တစ်ရာပြည့် မွေးနေ့အမှတ်တရအဖြစ် ဝါဆိုသင်္ကန်းကပ်နဲ့ သံဃာတော်များ ဆွမ်းကပ်အလှူလေး လုပ်ဖြစ်ပါတယ်🙏” ဆိုပြီး သူတို့မိသားစုရဲ့ ကုသိုလ်ယူဖြစ်ပုံကို တိုတိုရှင်းရှင်းပြောပြလာခဲ့ပါတယ်။

သူထူးစံကနဲ့ ထိုက်ဆုဝင်းတို့ဇနီးမောင်နှံကတော့ သမီးလေးမွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်နားထားပြီး သမီးလေးအနားမှာပဲ အချိန်ကုန်ဆုံးနေတာပဲဖြစ်ပါတယ်။ သူထူးစံတို့မိသားစုလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thu Htoo San’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Thu Htoo San’s fb

error: Alert: Content is protected !!