သမီးလေးနဲ့ပတ်သက်ပြီး ဘဝတစ်လျှောက်လုံးမျှော်လင့်ခဲ့ရတဲ့နေ့လေးကို ရောက်ရှိခဲ့ပြီဆိုတဲ့ မေကဗျာ

မင်းသမီးချော မေကဗျာကတော့ ကလေးမေမေ အသက် (၃၉) နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဆိုပေမယ့် ငယ်ရွယ်နုပျိုသူတွေလိုက်လို့မမှီတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ မေကဗျာကတော့ အခုဆိုရင် ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပဲ စီးပွားရေးအလုပ်တွေနဲ့ မိသားစုအရေးကိစ္စတွေကိုသာ ဦးစားပေးလုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒ့ါအပြင် မေကဗျာက သူမရဲ့ တစ်ဦးတည်းရှိတဲ့သမီးလေး ဂင်္ဂါမေအတွက် လိုလေသေးမရှိဖြည့်ဆည်းပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပါပဲ။

ဒီကနေ့မှာတော့ မေကဗျာက သူမရဲ့သမီးလေး ဂင်္ဂါမေရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ခဲ့ပြီး သမီးလေးအတွက် ဂုဏ်ယူနေတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။ မေကဗျာက “ကျမဘဝရဲ့မျှော်လင့်ခဲ့ရတဲ့တနေ့ YA မှာ ၁၅ နှစ်လုံးလုံးကျောင်းတက်ခဲ့သူ Gingar [email protected] Ashley love Bebe ❤️” ဆိုပြီး ဘဝတစ်လျှောက်လုံးမျှော်လင့်နေရတဲ့ နေ့လေးကို ရောက်ရှိခဲ့ပြီလို့ ပြောလာတာပဲဖြစ်ပါတယ်။

မေကဗျာတော့ သမီးလေးရဲ့ပညာရေးဆုံးခန်းတိုင်ပြီး အခုလိုဘွဲ့ရရှိမယ့်နေ့ကို စောင့်မျှော်နေခဲ့တာ ဒီကနေ့မှာတော့ ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မေကဗျာတို့သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ရှုရလို့ ကျေနပ်ကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ei Phyo Wai’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Ei Phyo Wai’s fb

error: Alert: Content is protected !!