သမီးလေးက မုန့်ဖိုးလေးတွေစုပြီးဝယ်ပေးတဲ့ မွေးနေ့လက်ဆောင်လေးကို အကြိုက်ဆုံးပဲလို့ဆိုတဲ့ ညီနန္ဒ

ယောကျာ်းပီသတဲ့ရုပ်ရည်နဲ့ သရုပ်ဆောင်ဟန်ပန်အမူအယာလည်းကောင်းတဲ့ မင်းသားချော ညီနန္ဒကတော့ တစ်ခေတ်တစ်ခါက မိန်းကလေးပရိသတ်တွေကြားမှာ နာမည်ကြီးသူဖြစ်ပါတယ်။ ညီနန္ဒဟာ ဇာတ်ကားတွေအများကြီးရိုက်ကူးခဲ့ပြီးနောက် အနုပညာလောကကနေ ပျောက်ကွယ်သွားခဲ့ရာ လွန်ခဲ့တဲ့နှစ်တွေကမှ ဇာတ်ကားတွေပြန်လည်ရိုက်ကူးပြီး ပရိသတ်တွေနဲ့ ထိတွေ့နေတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ကတော့ ညီနန္ဒရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ညီနန္ဒက သူ့ရဲ့ မွေးနေ့မှာ မုန့်ဖိုးလေးတွေစုပြီး လက်ဆောင်ပေးလာတဲ့ သမီးလေးစနိုးဖြူစင်အကြောင်းကို “၄၆နှစ်ပြည့်အတွက် ကျွန်တော့ချစ်သမီးလေးရဲ့ ကျွန်တော်အကြိုက်ဆုံးမွေးနေ့လက်ဆောင်…❤️⌚️❤️” ဆိုပြီး သူ့ရဲ့ပီတိလေးကို ပြောလာတာပဲဖြစ်ပါတယ်။

ညီနန္ဒကတော့ သူ့အပေါ် အရွယ်နဲ့မလိုက်အောင်သိတတ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ညီနန္ဒတို့သားအဖနှစ်ယောက်ကိုကြည့်ပြီး ပီတိတွေကူးစက်သွားမယ် ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nyi Nanda ‘s fb

error: Alert: Content is protected !!