သမီးလေးကိုမွေးဖွားဖို့အချိန်နီးကပ်လာလေ ခန္ဓာကိုယ်မှာ နာကျင်မှုတွေခံစားနေရပြီဖြစ်ကြောင်း ပြောပြလာတဲ့ အိမ့်ချစ်
အဆိုတော်အိမ့်ချစ်ကတော့ သီချင်းဆိုကောင်းပြီး ဖော်ရွေတတ်သူတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ကောင်းသတင်းမွှေးသူဖြစ်ပါတယ်။ အိမ့်ချစ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာပဲ သူမရဲ့ချစ်သူနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် အိမ်ထောင်ရှင်အမျိုးသမီး အဆိုတော်အဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ အခုဆိုရင် ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်ထားရတဲ့ အိမ့်ချစ်ဟာ သူမရဲ့ခန္ဓာကိုယ်မှာ သမီးလေးနဲ့ပတ်သက်ပြီး နာကျင်မှုတွေခံစားနေရတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။
အိမ့်ချစ်က “ခုကိုယ်ဝန် ၈ လမှာ ခံစားနေရတဲ့ရောဂါပြသနာကတော့ လက်မနဲ့လက်ကောက်ဝတ်ကြားကအဆစ်နေရာ ယောင်ပြီးတအားနာတာပဲ လက်နှစ်ဖက်လုံးဖြစ်တာ။ မနက်အိပ်ယာနိုးလာတာနဲ့ စောင်တောင်မဖယ်နိုင်ဘူး။ လက်ကဘာကိုမှကိုင်မရအောင်ကိုနာတာ။ လက်ချောင်းလေးတွေကလက်ဆစ်လေးတွေလဲ ကွေးရင်ဆန့်ရင်နာနေတယ် အစကတော့ လက်ခေါက်အိပ်မိလို့ထင်နေတာ နှစ်ပတ်လောက် ဆက်တိုက်နာတာတော့ OG သွားပြတဲ့အခါ ဆရာမကိုမေးကြည့်တော့ ကိုယ်ဝန်ဆောင်စဉ်မှာ ခံစားရတဲ့ထဲကတစ်ခုပါပဲတဲ့။ လက်တွေယောင်မယ် nerve ကြောလေးတွေ sensitive ဖြစ်တော့လက်တွေထုံတယ်နာတယ် ကလေးမွေးပြီးရင်ပျောက်သွားတတ်ပါတယ်တဲ့။ မပျောက်ခဲ့ရင်တော့ ဆရာဝန်ပြဖို့လိုပြီပြောပါတယ်။ အဲ့တာနဲ့ ဘာလို့ခုလိုဖြစ်ရတာလဲသိချင်တော့Google ရပါတော့တယ် သေချာသိချင်တာမို့ပါ။ စာတွေလိုက်ရှာဖတ်တော့ CTS Carpal Tunnel Syndrome လို့ရှာတွေ့တယ်။”
“ကိုယ်ဝန်ဆာင်စဉ်မှာဖြစ်တတ်တယ်တဲ့။ ကိုယ်ဝန်ဆောင်စဉ်မှာ ဆီးချိုသွေးတိုးဖြစ်တတ်ကြတာလောက်ပဲသိထားခဲ့တာ ခုမှပဲ CTS ဆိုတာ ဖြစ်တတ်ကြောင်းသိရတော့တယ်။ တချို့ကလေးမွေးပြီးပျောက်တယ်တချို့မပျောက်ဘူး။ စာတွေသေချာလိုက်ပြီးထပ်ဖတ်ကြည့်တော့ လက် Joint တွေနာတာက အပေါ်မှာပြောတဲ့ CTS လဲဖြစ်နိုင်သလို CMC Carpometacarpal Arthritis လဲဖြစ်နိုင်တယ်ပေါ့နော် ဖတ်ကြည့်ရသလောက်တော့ ဖြစ်စဉ်အနည်းငယ်ကွာတော့ ခံစားရတာကွာတယ်။ အဲ့ပေါ်မူတည်ပြီး ရောဂါခေါင်းစဉ်တပ်တာ ကွာသွားတာပေါ့ ဆရာဝန်တွေပဲသေချာသိနိုင်တာပေါ့။ သေချာတာကတော့လက်ကောက်ဝတ်လက်မအောက် အဆစ် လက်ချောင်းအဆစ်တွေနာပြီဆို အပေါ်ကြေ ပာခဲ့တဲ့နှစ်ခုထဲကတစ်ခုဖြစ်နိုင်သလို နှစ်ခုလုံး ဖြစ်နေတာမျိုးလဲဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကိုယ့်လိုဖြစ်နေတဲ့မေမေတွေရှိရင် ဖတ်ကြည့်လို့ရအောင် ရှာဖတ်ထားသလောက်ထဲက အတိုအစလေးတွေပုံလေးတွေထည့်ထားပေးပါတယ်။ ဆရာဝန်မဟုတ်တော့ သေချာမရှင်းပြတတ်လို့ တော်ကြာအမှားလဲပါမှာစိုးလိုအကျယ်တဝင့်တော့ မရေးပြတော့တာပါရှင့်မှားတာလေးတွေပါခဲ့ရင် နားလည်တတ်ကျွမ်းသူများက comment မှာရှင်းပြပေးလို့ရပါတယ်ရှင့် ❤️” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
အိမ့်ချစ်ကတော့ မကြာခင်မှာ သမီးလေးကို မွေးဖွားတော့မှာဖြစ်ပြီး သမီးလေး ကိုယ်ဝန်ရင့်လာတာနဲ့အမျှ လက်ဆစ်တွေနာကျင်နေလို့ စောင်တောင်သေချာမဖယ်နိုင်တော့ဘူးလို့ ပြောလာတာ့ဲဖြစ်ပါတယ်။ အိမ့်ချစ်တစ်ယောက် သမီးလေးကို ကျန်းကျန်းမာမာနဲ့ ချောချောမွေ့မွေ့မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Eint Chit ‘s fb