သမီးရည်းစားဘဝကတည်းက တန်ဖိုးထားချစ်ရတဲ့ ဇနီးချောလေးခင်လွှမ်းကို အချစ်တွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ စည်ဖြိုး
သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူဘဝကတည်းက လိုက်ဖက်လွန်းတဲ့စုံတွဲတွေအဖြစ် ပရိသတ်တွေရဲ့ သက်မှတ်ခြင်းခံရတာပဲဖြစ်ပါတယ်။ ချစ်သူဘဝမှာကတည်းက ရင်သွေးလေးကို ရရှိခဲ့တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာပဲ လက်ထပ်ခဲ့ကြတာ ပဲဖြစ်ပါတယ်။ အခုဆိုရင် အိမ်ထောင်သက်အနည်းငယ်ရလာခဲ့ပြီဖြစ်တဲ့ ခင်လွှမ်းတို့ဇနီးမောင်နှံဟာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ပေးပြီး အိမ်ထောင်တစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။
ဒီကနေ့ ဇူလိုင်လ (၁၀) ရက်နေ့ကတော့ ခင်လွှမ်းရဲ့မွေးနေ့လေးပဲဖြစ်ပြီး စည်ဖြိုးက သူ့ရဲ့ချစ်ဇနီးခင်လွှမ်းအတွက် “Happy Birthday ပါ ချစ်ဆုံးမိန်းမရေ…မွေးနေ့မှစလို့.. ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ အေးငြိမ်းပြီး… ကောင်းကျိုး လိုရာဆန္ဒ မှန်သမျှ ပြည့်စုံနိုင်ပါစေ… ကဗျာတေစာတေမလိုပဲ ရိုးလေးပြောမယ် “ချစ်တယ်” 😘” ဆိုပြီး သူ့ရဲ့ချစ်ဇနီးလေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။
စည်ဖြိုးကတော့ အချစ်ဆုံးဇနီးလေးလည်းဖြစ်သလို သမီးလေးရဲ့မေမေလည်းဖြစ်တဲ့ ခင်လွှမ်းအတွက် အချစ်တွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး ခင်လွှမ်းအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးပြောခဲ့ကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Si Phyo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Si Phyo’s fb