သတို့သမီး စုလင်းရှိန်အတွက် သူငယ်ချင်းတွေနဲ့ပေါင်းပြီး Surprise Bridal shower ပွဲလေး လုပ်ပေးခဲ့တဲ့ မုဏ်း

MRTV 4 သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မုဏ်းကတော့ ပရိသတ်ကြီးအားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။ မုဏ်းဟာ ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လွှင့်ပြသပြီးခဲ့တဲ့ “ဦးဖီးကြမ်းတို့ဆိုင်ကလေး” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာတော့ မုဏ်းဟာ ဇာတ်လမ်းတွဲအသစ်တွေရိုက်ကူးနေပြီး အနုပညာလှုပ်ရှားမှုအချို့ကိုလည်း လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေလုပ်ကိုင်နေသလို တဖက်မှာလည်း လက်ထပ်တော့မယ့် သူငယ်ချင်း စုလင်းရှိန်အတွက်လည်း အလုပ်တွေရှုပ်နေခဲ့တဲ့ မုဏ်းဟာ ဒီတစ်ခါမှာလည်း သတို့သမီး စုလင်းရှိန်အတွက် သူငယ်ချင်းတွေနဲ့ပေါင်းပြီး Surprise Bridal shower ပွဲလေး ဖန်တီးပေးခဲ့တာကို တွေ့ရပါတယ်။ စုလင်းရှိန်ကတော့ သူငယ်ချင်းတွေ Surprise လုပ်ပေးတာကို ဝမ်းသာနေပြီး “Surprise Bridal shower လေးလုပ်ပေးကြသော အချစ်တုံးများ 🛀🎂💕 စကားပြောချင်လို့ ခဏလာခဲ့ဦးဆိုတော့ အဟုတ်ထင်လို့သွားတာ 😆😆” လို့ဆိုကာ သူမရဲ့အပျော်တွေကို မျှဝေလာပါတယ်။

သရုပ်ဆောင် စုလင်းရှိန်ဟာ လက်ရှိစစ်အာဏာရှင် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးရဲ့ တူမရင်းဖြစ်တာကြောင့် ပရိသတ်တွေရဲ့ Boycott လုပ်ခံထားရသူဖြစ်ပြီး မုဏ်းကတော့ သူမရဲ့သူငယ်ချင်း စုလင်းရှိန်နဲ့ ခင်မင်မှုကိုဖြတ်တောက်ခြင်းမရှိပဲ အရင်အတိုင်း အသွားအလာမပျက်ရှိနေဆဲပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Su Lin Shein – စုလင်းရှိန်’s fb

error: Alert: Content is protected !!