သတိရတိုင်း ပြေးဖက်ထားချင်တဲ့အထိ ချစ်သူသင်ဇာဝင့်ကျော်ကို သတိရတမ်းတနေတဲ့အကြောင်း ရင်ဖွင့်လာတဲ့ ရဲရင့်မိုး

တစ်နိုင်ငံလုံးက ပရိသတ်တွေအားလုံးချစ်ကြတဲ့ သင်ဇာဝင့်ကျော်ကတော့ အီလက်ထရောနစ် ဥပဒေ ပုဒ်မ (၃၃) က နဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ လအတော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူမရဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ဝေးကွာနေရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ပရိသတ်တွေနဲ့အတူတူ သူ့ရဲ့မိသားစု၊ ချစ်သူကလည်း သတိရနေကြတာပဲ ဖြစ်ပါတယ်။    

အထူးသဖြင့် သင်ဇာဝင့်ကျော်ရဲ့ ချစ်သူ ရဲရင့်မိုးက အဝေးရောက်နေတဲ့ ချစ်သူကို လွမ်းလွန်းလို့ အရင်ကကြည်နူးခဲ့တဲ့အမှတ်တရလေးတွေကို မျှဝေလာခဲ့တာကို တွေ့ရပါတယ်။ ရဲရင့်မိုးက သင်ဇာနဲ့ သူရဲ့ အရင်ကပုံလေးကို မျှဝေကာ “သတိရတိုင်းပြေးဖက်ထားချင်တယ်” ဆိုပြီး သူ့ရဲ့အလွမ်းတွေကို ဖွင့်ဟဝန်ခံလာခဲ့ပါတယ်။

သင်ဇာဝင့်ကျော်နဲ့ ရဲရင့်မိုးတို့ဟာ ချစ်သူသက်တမ်း (၂) နှစ်ကျော်ကြာရှိခဲ့ပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ကြိုးတွေ ခိုင်မြဲနေကြတာပဲ ဖြစ်ပါတယ်။ သင်ဇာတို့ နှစ်ယောက် အမြန်ဆုံး ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ye Yint Moe’s fb

error: Alert: Content is protected !!