သရုပ်ဆောင် ညီထွဋ်ခေါင်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ် ကာရိုက်တာကို အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ညီထွဋ်ခေါင်ဟာ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ကွယ်လွန်သွားခဲ့တဲ့ သူ့ရဲ့ချစ်သူမိန်းကလေးအတွက် လစဉ်လတိုင်း ကုသိုလ်တွေပြုပေးဖြစ်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့ မေလ (၁၀) ရက်နေ့မျာလည်း ညီထွဋ်ခေါင်က သူ့ရဲ့ချစ်သူ ကွယ်လွန်ခြင်း (၁၀) လပြည့်အဖြစ် ရန်ကုန် သင်္ဃန်းကျွန်းဆေးရုံမှာ လူအယောက် (၃၀၀) စာ စတုဒိသာအလှူလေးပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ညီထွဋ်ခေါင်က “ဒီနေ့ ၁၀ လပြည့်ပြီ.. ရည်စူး ကုသိုလ် ပြုပါတယ် မေရေ… လွမ်းတယ်…” ဆိုပြီး သူ့ရဲ့ သတိရခြင်းတွေကို ထုတ်ဖော်ပြောပြလာပါတယ်။

ညီထွဋ်ခေါင်ကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ သူ့ရဲ့ချစ်သူအတွက် လစဉ်လတိုင်း ကုသိုလ်တွေပြုပေးဖြစ်နေတာပဲဖြစ်ပါတယ်။ ညီထွဋ်ခေါင်ရဲ့ချစ်သူလည်း အခုဆိုရင် ကောင်းမွန်တဲ့ဘုံဘဝကနေ ညီထွဋ်ခေါင်ပြုပေးသမျှ ကုသိုလ်တွေကို သာဓုခေါ်ဆိုနေမှာ သေချာပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Nyi Htut Khaung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

သတိရခြင်းများစွာနဲ့ ကွယ်လွန်သွားတဲ့ချစ်သူအတွက် (၁၀) လပြည့် ကုသိုလ်ပြုပေးခဲ့တဲ့ ညီထွဋ်ခေါင်





Yolo

error: Alert: Content is protected !!