သင်ဇာဝင့်ကျော်ရဲ့ ထွက်ဆိုချက်ကြောင့် မီဒီယာအစုံအလင်ခေါ်ယူပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ မော်ဒယ်လ်ရှင်ယွန်းမြတ်

သြဂုတ်လ (၅) ရက်နေ့မှာ နာမည်ကြီးမော်ဒယ်လ် သင်ဇာဝင့်ကျော်ဟာ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်တွင် အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စကစရဲ့ အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ သူမကိုစစ်ဆေးမေးမြန်းရာမှာ မော်ဒယ် ရှင်ယွန်းမြတ် ချိတ်ဆက်ပေးမှုဖြင့် အမေရိကန် နိုင်ငံတွင် နေထိုင်သည့် Mr. Rafal ဦးစီးလုပ်ကိုင်လျက်ရှိသော ညစ်ညမ်း Website ဖြစ်သည့် Exantria Website မှာ အကောင့်ဖွင့်ခဲ့တယ်လို့ ထွက်ဆိုခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ သင်ဇာဝင့်ကျော်ရဲ့ ထွက်ဆိုချက်အတွက် နာမည်တပ်ခံရသူ မော်ဒယ်လ်ရှင်ယွန်းမြတ်ဟာ သင်ဇာဝင့်ကျော်ကို ကောင်းစားတုန်းကအသံမထွက်ပဲ ဒုက္ခရောက်မှ သူမကိုပါ ဆွဲထည့်တယ်ဆိုပြီး စိတ်ဆိုးနေခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ (၉) ရက်နေ့မှာတော့ ရှင်ယွန်းမြတ်ဟာ လတ်တလောဖြစ်ပျက်နေသောအကြောင်းအရာများနှင့်ပတ်သက်ပြီး ရှင်ယွန်းမြတ်၏ သတင်းစာရှင်းလင်းပွဲအခမ်းအနား ဆိုပြီး မီဒီယာအစုံအလင်နဲ့တကွ ရှင်းလင်းခဲ့ပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း Live လွှင့်ခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ရှင်ယွန်းမြတ်ကတော့ သင်ဇာဝင့်ကျော်ကို Exantria Website မှာ အလုပ်လုပ်ပေးဖို့ ဖိအားပေးပြောဆိုခြင်းမရှိခဲ့သလို Exantria Website မှ တာဝန်ရှိသူက အကူအညီတောင်းတာကြောင့်သာ သင်ဇာဝင့်ကျော်ကို ပုဂ္ဂိုလ်ရေးအရပဲ ဆက်သွယ်ခဲ့တယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာဝင့်ကျော်အနေနဲ့လည်း သူမပြောတာတွေကို လက်မခံနိုင်ရင် ပြန်လည်ပြီးတုံ့ပြန်နိုင်ကြောင်းကိုလည်း ပြောထားပါသေးတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Shin Yoon Myat – ရှင်ယွန်းမြတ်’s fb

error: Alert: Content is protected !!