သက်သက်နဲ့ မမဦးတို့နှစ်ယောက်ဆုံတဲ့ ဇာတ်ဝင်ခန်းကိုကြည့်ပြီး ပါးတောင်ကျိန်းရတယ်ဆိုတဲ့ ကျော်ထက်ဇော်

ညိုချောမင်းသားလေးအဖြစ် ပရိသတ်ကြီးကြီးငယ်ငယ်ရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူ ကျော်ထက်ဇော်ကတော့ နာမည်ကြီး ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်မှုရရှိလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ချောမောသလို သရုပ်ဆောင်တဲ့နေရာမှာလည်း အပြစ်ဆိုဖွယ်ရာမရှိတဲ့ ကျော်ထက်ဇော်ဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာလည်း နိုင်လင်းဆိုတဲ့ ကာရိုက်တာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

တစ်နေ့ထက်တစ်နေ့ ဇာတ်ရှိန်မြင့်တက်လာခဲ့တဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲဟာ ကြည့်ရှုသူပရိသတ်တွေကိုသာမပဲ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကိုလည်း စိတ်ဝင်စားမှုမြင့်တက်စေတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း နိုင်လင်းအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ကျော်ထက်ဇော်က မမဦးနဲ့ သက်သက်တို့ အဆောင်မှာ အခြေအတင်စကားများကြတဲ့ ဇာတ်ဝင်ခန်းကိုကြည့်ပြီး “သက်သက် Nan နဲ့ မမဦး Su Htet တို့ နှစ်ယောက်ဆုံတဲ့ အခန်းကြည့်ပြီး ……ကိုနိုင်လင်း ပါးတွေကျိန်း လိုက်တာ…..🫣😔မနက်ဖြန်တော့ ပွဲကြီး ပွဲကောင်းပဲ 🫣🫣” ဆိုပြီး ပြောလာတာကို တွေ့ရပါတယ်။

ကျော်ထက်ဇော်ကတော့ သူကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကိုကြည့်ပြီး ပါးတွေတောင်ကျိန်းလာရတယ်ဆိုပြီး အရွှန်းဖောက်စနောက်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ကိုနိုင်လင်း၊ မမဦးနဲ့ သက်သက်တို့သုံးယောက် ဘာတွေဆက်ဖြစ်ကြဦးမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kyaw Htet Zaw’s fb

error: Alert: Content is protected !!