ဝေဖန်မှုတွေရှိပေမယ့်လည်း သားလေးကို အဆင်ပြေချောမွေ့စွာမွေးဖွာခဲ့ပြီးပြီးဖြစ်ကြောင်း ပြသလာတဲ့ နွယ်နွယ်ထွန်း

မော်ဒယ်နွယ်နွယ်ထွန်းကတော့ သူမရဲ့ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးနဲ့ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပရိသတ်တွေကြားမှာ ထင်ရှားသူတစ်ယောက်ဖြစ်ပါတယ်။ မော်ဒယ်လ်တစ်ယောက်ပီပီ အမိုက်စားဓာတ်ပုံတွေနဲ့ ပရိသတ်တွေကို အမြဲတမ်း ဆွဲဆောင်ထားနိုင်တဲ့ နွယ်နွယ်ထွန်းဟာ အလုပ်တွေမလုပ်ဖြစ်တော့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့လတွေကမှ သူမအိမ်ထောင်ကျပြီး ရင်သွေးလေးလွယ်ထားရပြီလို့ အသိပေးခဲ့တာဖြစ်ပါတယ်။

အချစ်ရေး အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သိုသိပ်စွာနေတတ်တဲ့ နွယ်နွယ်ထွန်းဟာ ဒီတစ်ခါမှာလည်း သူမရဲ့ ရင်သွေးလေးနဲ့ ဓာတ်ပုံလေးတစ်ပုံကို ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ပေးလာခဲ့ပါတယ်။ နွယ်နွယ်ထွန်းဟာ နိုင်ငံခြားကိုရောက်ရှိနေတာဖြစ်ပြီး သားလေးဟာလည်း ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာကြီးပြင်းလာခဲ့ပြီဆိုတာကို သူမရဲ့ဓာတ်ပုံလေးကိုမြင်ရုံနဲ့တင် သိနိုင်ပါတယ်။

နွယ်နွယ်ထွန်းကတော့ သူမရဲ့သားလေးဖခင်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လတွေက မယားကြီးဆိုသူရဲ့ ပြစ်တင်မှုတွေကိုခံခဲ့ရတာဖြစ်ပြီး သူမဘက်ကတော့ ဘာကိုမှ တုံ့ပြန်ခြင်းမရှိတာကို တွေ့ရပါတယ်။ နွယ်နွယ်ထွန်းကတော့ ဝေဖန်မှုတွေကိုလျစ်လျူရှုပြီး သားလေးရဲ့ ဓာတ်ပုံကို တစွန်းတစပြသလာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nwe Nwe Tun’s fb

error: Alert: Content is protected !!