ဝါသနာမပါတဲ့အလုပ်ပေမယ့် တောင်းဆိုလိုက်တိုင်း ဘယ်တော့မှငြင်းဆန်ခြင်းမရှိတဲ့ ချစ်သူကောင်းပြည့်အကြောင်းပြောလာတဲ့ သန္တာဗိုလ်
ဘိုရစ်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင် သန္တာဗိုလ်ကတော့ အနုပညာလောကမှာ နာမည်ရပြီးသား မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သန္တာဗိုလ်ကတော့ သရုပ်ဆောင် ကောင်းပြည့်ရဲ့ ချစ်သူလည်းဖြစ်ပြီး ပရိသတ်တွေ အားကျရတဲ့ အချစ်ရေးတစ်ခုကိုလည်း တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ချစ်သူသက်တမ်းအတော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ဟာ အခုဆိုရင် နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့စေ့စပ်ခဲ့ပြီး မကြာခင်မှာ လက်ထပ်တော့ဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။
သန္တာဗိုလ်ကတော့ မိန်းကလေးပီပီ ဓာတ်ပုံတွေ TikTok တွေကို အများကြီးရိုက်ကူးတတ်သူဖြစ်ပြီး ကောင်းပြည့်ကတော့ သရုပ်ဆောင်တဲ့အလုပ်အပြင် ဓာတ်ပုံတွေ TikTok တွေကိုလည်း မရိုက်ကူးတတ်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သန္တာဗိုလ်တောင်းဆိုတဲ့အခါ TikTok လည်းရိုက်ကူးတတ်ကြောင်းကို “ရိုက်ချင်တယ်ဆိုတော့လည်း ရိုက်တော့ရိုက်ပေးရှာတယ် 😂 Kaung Pyae😘🫶🏻” ဆိုပြီး သူမတို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုပါ မျှဝေပေးလာပါတယ်။
ကောင်းပြည့်ကတော့ သန္တာဗိုလ်ထက်အသက်ကြီးသူပီပီ ချစ်သူကို အမြဲတမ်းအလျှော့ပေးပြီး သူ့ဆန္ဒထက် ချစ်သူရဲ့ဆန္ဒကို ဦးစားပေးတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး ဂရုစိုက်အလိုလိုက်တဲ့ သန္တာဗိုလ်နဲ့ ကောင်းပြည့်တို့ချစ်သူနှစ်ယောက် သက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thandar Bo ‘s fb