ဝါဆိုလပြည့် ဓမ္မစကြာနေ့ မှာ တစ်မိသားစုလုံး တက်ညီလက်ညီ ကုသိုလ်ယူခဲ့ကြတဲ့ မေမြင့်မိုရ်တို့ မိသားစု
ပရိသတ်တွေက မေ လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင် မေမြင့်မိုရ်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေကနေ တဆင့် လူသိများလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် နာမည်ကြီးသရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်တဲ့ မေမြင့်မိုရ်ဟာ ဇာတ်လမ်းတွဲတွေမရိုက်ဖြစ်တော့ပေမယ့် ကြော်ငြာတွေကိုတော့ လက်ခံရိုက်ကူးပေးနေလျက်ရှိပြီး တဖက်မှာလည်း သူမရဲ့ “ပုဂံမေ” ဟိုတယ်ကို ဖွင့်လှစ်နိုင်ဖို့ အလုပ်တွေ ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
အလုပ်တွေ မနားမနေလုပ်ကိုင်နေသလို ဘာသာရေးနဲ့ ကုသိုလ်ရေးကို လုပ်ကိုင်ဖို့လည်း မပျက်ကွက်တဲ့ မေမြင့်မိုရ်ဟာ ဒီကနေ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့ မှာလည်း မိသားစုနဲ့အတူတူ ကုသိုလ်တွေပြုလုပ်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မှော်ဘီမြို့ သဲဖြူတောရဓမ္မရိပ်သာမှာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြတဲ့ မေမြင့်မိုရ်တို့ မိသားစုပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
မေမြင့်မိုရ်တို့မိသားစုကတော့ ကုသိုလ်တွေကို အမြဲတမ်းပြုလုပ်တတ်တဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ်တို့ မိသားစုလေးကိုကြည့်ပြီး ပီတိတွေကူးစက်သွားမယ်ထင်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Shinn Myat’s fb’

Source: Shinn Myat’s fb