ဝါဆိုလပြည့်နေ့မှာ အလိုတော်ပြည့်ဆရာတော်ကို ဝါဆိုသင်္ကန်းဆက်ကပ်ခဲ့တဲ့ ခြူးလေး
ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ခြူးလေးကတော့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့သူဖြစ်ပါတယ်။ ခြူးလေးဟာ အခုဆိုရင် ကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုခြင်းမရှိတော့ပဲ သူမတစ်ယောက်တည်း အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီး လတ်တလောမှာတော့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးနေလျက်ရှိတာပဲဖြစ်ပါတယ်။
အနုပညာအလုပ်တွေလုပ်ကိုင်နေသလို ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း အချိန်ပေးလုပ်ကိုင်ဖြစ်နေတဲ့ ခြူးလေးဟာ မနေ့က ဝါဆိုလပြည့်နေ့ မှာလည်း မြတ်စွာဘုရားသားတော် သံဃာတော်တွေကို ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ ခြူးလေးက အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်ကို ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းနေတဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။
ခြူးလေးကတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးပီပီ ဝါဆိုလပြည့်နေ့မှာ ဝါဆိုသင်္ကန်းတွေ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခြူးလေးရဲ့ကုသိုလ်တွေကိုကြည့်ပြီး ထပ်တူပီတိဖြစ်နေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Ashin kumara ‘s fb