ဝမ်းရေးကြောင့် အလုပ်တွေလုပ်ခဲ့မိပေမယ့် ခေတ်အခါကိုကြည့်ပြီး အလုပ်ကိုငြိမ်သက်စွာလုပ်ခဲ့ပါတယ်ဆိုတဲ့ ခင်ရတနာစိုး

ခင်ရတနာစိုးကတော့ The Voice Myanmar Season ( ) ရဲ့ Winner ဆုရှင်အဖြစ် ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ခင်ရတနာစိုးဟာ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် သူမရဲ့ပြိုင်ပွဲပြီးဆုံးပြီးချိန်မှာ ကပ်ရောဂါအခြေအနေတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာလမ်းကြောင်းပေါ်ကို ရောက်သင့်သလောက် မရောက်ခဲ့သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်ရတနာစိုးက သူမအနေနဲ့ အလုပ်တွေလုပ်ခဲ့ပေမယ့် လူတွေမျက်မုန်းကျိုးရလောက်အောင်မလုပ်ခဲ့တဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။

ခင်ရတနာစိုးက “ခေတ်အခါကိုကြည့်၍ ညီမနယ်မှာဆိုခဲ့တဲ့အဆိုပွဲလေးတွေတောင် လိုင်းပေါ်မတင်ပဲ အလုပ်ကိုငြိမ်သက်စွာလုပ်ခဲ့တာပါ။ ဝမ်းရေးကြောင့်အလုပ်လုပ်ရပေမယ့် ခေတ်အခါကိုကြည့်၍ ညီမလိုင်းပေါ်ကိုဘာမှမတင်ခဲ့ပါဘူး။ Live saleတွေတောင် ညီမအရင်လက်ခံလက်စတွေပဲလုပ်ခဲ့တာ အားလုံးသိပြီးသားပါ။ အခုနောက်နောင် ဖြစ်ပေါ်လာမည့် တခြားသီချင်းဆိုပြိုင်ပွဲများ ယခုအချိန်အခါမှာကျင်းပသည့်ပြိုင်ပွဲများကို ညီမလုံးဝပြိုင်မှာမဟုတ်ပါ။ ညီမမိသားစုဝင်ထဲမှပြိုင်ခဲ့ရင်လည်း ညီမနဲ့သက်ဆိုင်မည်မဟုတ်ပါ။ Boycott မယ်ဆိုလည်းညီမနဲ့မဆိုင်ပါ။ ညီမလည်းဒီကာလမှာရေပေါ်ဆီလောက်ပဲလုပ်ပေးနိုင်ခဲ့ပေမယ့် ညီမလုပ်တဲ့အလုပ် ညီမပျော်တဲ့အပျော်တွေကိုတတ်နိုင်သလောက် လျှော့ချပြီးငြိမ်နေပေးခဲ့တာပါ” ဆိုပြီး ပြောလာပါတယ်။

ခင်ရတနာစိုးကတော့ သူမရဲ့မိသားစုဝင်တွေထဲက လက်ရှိကျင်းပနေတဲ့ သီချင်းဆိုပြိုင်ပွဲတွေကို ဝင်ပြိုင်လို့ ပရိသတ်တွေက Boycott လုပ်မယ်ဆိုရင်လည်း သူမနဲ့မသက်ဆိုင်တဲ့အကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။ ခင်ရတနာစိုးကတော့ ဝမ်းရေးအတွက် အလုပ်တွေလုပ်ပေမယ့် တိုင်းပြည်အခြေအနေကိုကြည့်ပြီး တိတ်ဆိတ်စွာလုပ်ကိုင်ခဲ့တာကို ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khin Yadanar Soe’s fb

error: Alert: Content is protected !!