ဝင်ငွေကောင်းတဲ့ ဘီယာဆိုင်ကိုဖွင့်လှစ်ထားတဲ့အပြင် Day Club တစ်ခုကိုပါ ဖွင့်လှစ်နေချင်ကြောင်းပြောလာတဲ့ လမင်းကဗျာ
ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ လမင်းကဗျာကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ရာချီသရုပ်ဆောင်ဖူးတဲ့ နာမည်ရသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ လမင်းကဗျာဟာ အခုလိုဇာတ်ကားရိုက်ကူးမှုတွေနည်းပါးနေချိန်မှာတော့ DJ Moon ဆိုတဲ့ နာမည်နဲ့ DJ တစ်ယောက်အဖြစ်ပါ အသက်မွေးဝမ်းကြောင်းပြုနေတာပဲဖြစ်ပါတယ်။ DJ လုပ်တာ လအနည်းငယ်သာရှိသေးပေမယ့်လည်း လမင်းကဗျာဟာ အထိုက်အလျောက်နာမည်ရနေပြီဖြစ်ပြီး ပရိသတ်လက်ခံအားပေးမှုကို ရရှိနေတာပဲဖြစ်ပါတယ်။
အနုပညာအလုပ်တွေအပြင် Vipers Bar & BBQ ဆိုပြီး စားသောက်ဆိုင်ကို (၂၀၁၈)ခုနှစ်ကတည်းက ဖွင့်လှစ်ထားခဲ့တဲ့ လမင်းကဗျာဟာ အခုလက်ရှိမှာလည်း နောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်လိုချင်ကြောင်းပြောလာပါတယ်။ လမင်းကဗျာက လက်ရှိစားသောက်ဆိုင်လုပ်ငန်းအပြင် “Day Club ဖွင့်ချင်နေတယ် 🤭” ဆိုပြီး သူမရဲ့ စိတ်ကူးလေးကို ပြောလာတာပဲဖြစ်ပါတယ်။
လမင်းကဗျာကတော့ Day Club ဖွင့်ချင်နေတယ်ဆိုတဲ့ သူမရဲ့ဆန္ဒကိုသာ ပြောပြထားတာဖြစ်ပြီး တကယ်ဖွင့်ဖြစ် မဖွင့်ဖြစ်ဆိုတာကတော့ မသေချာသေးပါဘူး။ လမင်းကဗျာရဲ့ စိတ်ကူးဆန္ဒလေး အမြန်ဆုံးပြည့်ဝပြီး အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Lamin Kabyar’s fb