လေးစားချစ်ခင်ရတဲ့ သရုပ်ဆောင်ကြီးဦးမိုးဒီကို ရှုတင်မှာဆုံတွေ့ခိုက် အနုပညာကြေးလေးတွေနဲ့ ကန်တော့ခဲ့တဲ့ သုတအောင်

သရုပ်ဆောင် သုတအောင်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အဖြစ် ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးမှ ပြီးခဲ့တဲ့လကထုတ်လွှင့်ပြသခဲ့တဲ့ “ဝိပါက” ဇာတ်လမ်းတွဲမှာတော့ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရပြီး တဟုန်ထိုးအောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ သုတအောင်ဟာ အဆိုပါဇာတ်လမ်းတွဲပြီးတဲ့နောက်မှာ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိပိုင်ဆိုင်ခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်လာခဲ့ရတာပဲ ဖြစ်ပါတယ်။  

မနေ့က နိုဝင်ဘာလ (၁၆) ရက်နေ့မှာတော့ သုတအောင်ဟာ လက်ဖက်ကြော်ငြာတစ်ခုကိုရိုက်ကူးခဲ့ရပြီး အဆိုပါရိုက်ကွင်းမှာ သရုပ်ဆောင်ကြီး ဦးမိုးဒီနဲ့ ဆုံခဲ့ရတယ်လို့ ပြောလာပါတယ်။ သုတအောင်က “ဖေကြီးဦးမိုးဒီနှင့် ရှုတင်မှာဆုံတွေ့ခိုက် ကန်တော့ခဲ့ပါတယ်ခင်ဗျာ ဖေကြီးဦးမိုးဒီ သက်ရှည်ကျန်းမာပီး လိုအင်ဟူသမျှ ပြီးပြည့်စုံပါစေခင်ဗျာ…..🙏🙏🙏” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာတာပဲဖြစ်ပါတယ်။

သုတအောင်ကတော့ လူကြီးမိဘကို သိတတ်ရိုသေသူတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ကောင်းသတင်းမွှေးသူဖြစ်ပြီး နိုင်ငံကျော်သရုပ်ဆောင်ကြီး အကယ်ဒမီ ဦးမိုးဒီနဲ့ တွေ့ဆုံခိုက်မှာလည်း သူ့ရဲ့အနုပညာကြေးလေးနဲ့ ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: THUTA AUNG’s fb

error: Alert: Content is protected !!