လူ့လောကထဲမှာမရှိတော့တဲ့ အစ်ကိုဖြစ်သူရေမွန်ရဲ့မွေးနေ့အတွက် သတိရခြင်းများစွာနဲ့ မွေးနေ့ဆုတောင်းပေးလာတဲ့ လပြည့်ကဗျာ

Idiots အဖွဲ့က အဆိုတော် ရေမွန်ကတော့ အသက်ငယ်ရွယ်ပြီး အောင်မြင်နေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်သွားတဲ့နောက် ရေမွန့်ရဲ့ပရိသတ်တွေဟာ စိတ်ထိခိုက်ဝမ်းနည်းခဲ့ရပြီး သူ့ရဲ့ကျန်ရစ်သူမိသားစုဟာလည်း တော်တော်လေးကြေကွဲခဲ့ရတာပဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ကတော့ ရေမွန်ရဲ့မွေးနေ့လေးပဲဖြစ်ပြီး ရေမွန်ရဲ့ညီမ လပြည့်ကဗျာက သတိရတဲ့အကြောင်း အခုလိုပဲ ပြောလာပါတယ်။

လပြည့်ကဗျာက ” ☺️ HAPPY 34th BIRTHDAY ☺️🥰 Saw Wai Mon Oo 🥰ေ မွးနေ့ရှင် မရှိတဲ့မွေးနေ့ပွဲလေး ကျော်ဖြတ်ဖြစ်တာ ၂နှစ်ရှိပြီ ဒီနှစ်ကတော့ မွေးနေ့ကော မွေးရက်ကော ထပ်တူကျတဲ့နှစ်လေး သူရှိနေရင် ဘယ်လောက်များကောင်းလိုက်မလဲနော်။ သတိတွေလဲအရမ်းရတယ်ေ။ ပြောချင်တဲ့စကားတွေလဲ အများကြီးပဲ ဘာပဲဖြစ်ဖြစ် အမှတ်တရတွေများစွာချန်ခဲ့ပေးလို့ကျေးဇူးတင်ပါတယ်။ နောက်ဘဝတွေ ဘဝတွေမှာလဲြ ပန်ဆုံချင်ပါသေးတယ်။ အားလုံးလဲ လွမ်းနေကြပါတယ်။ ဘဝသစ်မှာ အေးချမ်းပါစေဘပီ ချစ်တယ် 😘🥰” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

လပြည့်ကဗျာကတော့ သူမဘဝအတွက် အဖေလိုရော၊ အစ်ကိုလိုရော သူငယ်ချင်းလိုပါ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ရှိခဲ့တဲ့ အစ်ကိုဖြစ်သူကို စက္ကန့်နဲ့အမျှ သတိရနေတာပဲ ဖြစ်ပါတယ်။ ရေမွန်သာရှိခဲ့ရင်လည်း ဒီနေ့မွေးနေ့လေးက ပျော်စရာကောင်းနေမယ်ဆိုတာ အသေအချာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Lapyae Gabyar’s fb

error: Alert: Content is protected !!