လူ့လောကထဲတောင်မရောက်ရှိလာသေးတဲ့ သမီးလေးအတွက် နာမည်လေးမှည့်ပေးထားပြီးပြီဆိုတဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံ
အဆိုတော်အိမ့်ချစ်ကတော့ သီချင်းဆိုကောင်းပြီး ဖော်ရွေတတ်သူတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ကောင်းသတင်းမွှေးသူဖြစ်ပါတယ်။ အိမ့်ချစ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာပဲ သူမရဲ့ချစ်သူနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် အိမ်ထောင်ရှင်အမျိုးသမီး အဆိုတော်အဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အိမ့်ချစ်ဟာ သူမရဲ့ ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်နေတာပဲဖြစ်ပါတယ်။
သမီးလေးရဲ့ကိုယ်ဝန် (၇) လတိတိပြည့်ခဲ့တဲ့နေ့မှာ အိမ့်ချစ်တို့ဇနီးမောင်နှံဟာ သမီးလေးအတွက် ရည်ရွယ်ထားတဲ့ နာမည်တစ်ခုကို ထုတ်ပြောပြလာပါတယ်။ အိမ့်ချစ်တို့ဇနီးမောင်နှံက ဝမ်းကြာတိုက်ထဲရှိနေသေးတဲ့သမီးလေးနဲ့ ဓာတ်ပုံတွေရိုက်ကူးပြီး “သမီးလေး နာမည်ကို ‘အမရာ’ Amara လို့ပေးမယ် 🤍 7months pregnancy” ဆိုပြီး သမီးလေးနဲ့ အမှတ်တရဓာတ်ပုံလေးတွေကို မျှဝေပေးလာပါတယ်။
အိမ့်ချစ်တို့ဇနီးမောင်နှံကတော့ မကြာခင်လူ့လောကထဲရောက်ရှိလာတော့မယ့် သူတို့ရဲ့သမီးလေးအတွက် အမရဆိုပြီး နာမည်လေးပေးထားကြောင်း ပြောပြလာတာပဲဖြစ်ပါတယ်။ အိမ့်ချစ်လည်း သမီးလေးကို အဆင်ပြေပြေမွေးဖွားနိုင်ပါစေနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Eint Chit’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Eint Chit’s fb