လူရောစိတ်ရော နေမကောင်းဖြစ်နေချိန် ချစ်ပရိသတ်တွေရဲ့ ဂရုစိုက်ကြင်နာမှုတွေကိုရရှိခဲ့တဲ့ ခင်ဝင့်ဝါ
အလှမယ်တစ်ယောက်အဖြစ် အနုပညာလောကမှာ လူသိများလာခဲ့တဲ့ ခင်ဝင့်ဝါကတော့ Miss Supranational 2013 ရဲ့ Miss Internet Award ဆုအပါအဝင် အလှမယ်ဆု (၄) ဆုအထိ ပိုင်ဆိုင်ထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ ခင်ဝင့်ဝါက အခုဆိုရင် အလှမယ်တစ်ယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ် ကျော်ကြားလာပြီး နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဦးဆောင်ပါဝင်နေတာ ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုအပြည့်ရရှိခဲ့တဲ့ ခင်ဝင့်ဝါဟာ ဒီကနေ့မှာလည်း သူမရဲ့ ပရိသတ်တွေဆီက လက်ဆောင်လေးတွေကြောင့် ပြုံးပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ခင်ဝင့်ဝါက “အရမ်းချစ်တဲ့သူတွေက သူတို့ချစ်ရတဲ့ သူ ဘာဖြစ်နေလဲဆိုတာ စိတ်ချင်းဆက်ထားသလို သိနေတယ်ဆိုတာကို ယုံလိုက်ပါပြီရှင့် 😍 စိတ်ရော လူရော နေမကောင်းဖြစ်နေတဲ့ ကျွန်မ ကို welcome back မုန့်ပန်းစည်းလေး နဲ့ စာလေး ပို့ ပြီး ဂရုစိုက်ပေးကြတဲ့ Our Beloved 💓Khay💓 အသည်းဝါလေး 💛 တွေ ဘယ်အချိန်မဆို ဘယ်တော့မဆို ဘယ်လိုဖြစ်ဖြစ်နေနေ ဘာဖြစ်နေနေ သူတို့ကိုပစ်ထားပြီးဂရုမစိုက်နိုင်ခဲ့တာတောင်အချစ်တွေမလျော့ပဲ ပိုပိုချစ်ပေးပြီး စိတ်ခွန်အားတွေပေးတဲ့ အချစ်ဆုံးလေးတွေ အားလုံးကိုကျေးဇူးအများကြီး အကြီးကြီးတင်တယ်နော် 😘 love you xoxo 😘 mwah mwah 😚” ဆိုပြီး ပရိသတ်တွေပေးတဲ့ စာနဲ့ မုန့်ပန်းစည်းကြီးကို ပြသလာပါတယ်။
ခင်ဝင့်ဝါကတော့ သူမကိုအားပေးတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထားလေးစားသလို ပရိသတ်တွေကလည်း ခင်ဝင့်ဝါရဲ့ ဖြစ်တည်မှုတိုင်းကို သေသေချာချာလေးစောင့်ကြည့်ပြီး ဂရုစိုက်ပေးကြတာ တကယ့်ကိုချစ်စရာကောင်းပါတယ်။ ခင်ဝင့်ဝါတစ်ယောက် ဒီထက်မက အောင်မြင်ပြီး ပရိသတ်တွေရဲ့ ဂရုစိုက်မှုကိုအများကြီးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Khin Wint Wah ‘s fb