





 

Source: May Panche’s fb

 

လူမျိုးဘာသာမရွေးစားသုံးနိုင်မယ့် အခမဲ့ထမင်းဆိုင်ကို စေတနာအရင်းခံပြီးဖွင့်လှစ်ပေးခဲ့တယ်ဆိုတဲ့ မေပန်းချီ

သရုပ်ဆောင်၊ မော်ဒယ်လ် မေပန်းချီကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးရင်း အနုပညာလောကမှာ အောင်မြင်လာခဲ့သူတစ်ယောက်ပါ။ ဂစ်တာရှိတ်လေးလို လှပတဲ့ခန္ဓာကိုယ်လေးကိုလည်း ပိုင်ဆိုင်ထားတဲ့ မေပန်းချီဟာ သူမရဲ့ခန္ဓာကိုယ်လေးကြောင့်လည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသူဖြစ်ပါတယ်။ လူလေးလှသလို စိတ်ထားလေးလည်းကောင်းတဲ့ မေပန်းချီက ဒီကနေ့မှာတော့ လူမျိုးဘာသာမရွေးစားသုံးနိုင်မယ့် အခမဲ့ထမင်းဆိုင်ကို ဖွင့်လှစ်ခဲ့တဲ့ ရည်ရွယ်ချက်ကို အခုလိုပဲပြောလာပါတယ်။

မေပန်းချီက “ပန်းချီနဲ့ ကိုမိုးမာန်တို့ အဖွဲ့ ဖွင့်လှစ်ထားတဲ့ ဒီအခမဲ့ ဆေးခန်းနဲ့ အခမဲ့ ထမင်းဆိုင်လေး မှာ အဆင်မပြေတဲ့ သူတိုင်း သွားရောက်စားသုံးပြီး ကျန်းမာရေးနဲ့ ပတ်သတ်တာတွေ အခမဲ့ ကုသလို့ရပါတယ်။ လှူ ကြောင်းအမြဲပိုစ့်မတင်မိတာကလွဲလို့ ဖွင့်ထားတာနဲးနဲးကြာပြီဖြစ်တဲ့ ဒီဆိုင်လေးက တောင်ဒဂုံက (၇)ရက်သားတေသမီးတော်တော်များများ သိကျမှာပါ။ အစက အလှူခံပုံးလေးလုပ်ထားပေမဲ့ စားသွားကျတိုင်း၂၀၀/၁၀၀က လွှဲလို့ ပိုမထည့်သွားကျပါဘူး (အခမမဲ့မဟုတ်ပဲ ပေးချင်သလောက်ပေးတုန်းက) ရည်ရှည်ရပ်တည်ဖို့ အတော်ရုန်းကန်ရပါတယ်။ သို့သော် ပိုအဆင်ပြေစေချင်တဲ့စိတ်နဲ့ ဒီရက်ထဲ အစ်ကို့တိုင်ပင်မူ့နဲ့ အခမဲ့စားသုံးလို့ရပါတယ်။ ဆေးခန်းကတော့ အမြဲအခမဲ့ပါပဲ ”

“တချို့ ပိုစ့်တွေဟာ လိုအပ်မှတင်တတ်တဲ့ အကျင့်ကြောင့် ဒီအသင်းလေးဟာ ရုန်းကန်ရင်း လှူရင်း ရပ်တည်လာခဲ့တာပါပဲ။ လေးစားလျှက်ကိုမိုးမာန် လစဉ် ဘုရားဖူးမရောက်ဖူးတဲ့ သက်ကြီးရွယ်မိုတွေကိုလစဉ် အလှည့်ကျ ဘုရားဖူးလိုက်ပို့ဖို့ ကားတစ်စီးအတွက်လဲ ကြိူးစားပေးလျှက်ပါ။ ကဲငါဟဲ့ဘာမှတ်နေလည်း မည်သူမဆို လွတ်လပ်စွာလာရောက်စားသုံးနိုင်ပါသည်ခင်ဗျ။ တည်နေရာ- တောင်ဒဂုံ၅၆ ရပ်ကွက် ပုဂံလမ်းမကြီးပေါ်ဝနဝါသီဘုန်းကြီးကျောင်းရှေ့” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပြောလာတာပဲဖြစ်ပါတယ်။

မေပန်းချီကတော့ ဒီကနေ့မှာ မြေကွက်တစ်ခုကို ဝယ်ယူခဲ့တာကြောင့် ပရိသတ်အချို့ရဲ့ဝေန်မှုကိုခံနေရတာကြောင့် သူမအနေနဲ့ ကိုယ်တိုင်လည်းလိုအပ်တာတွေလည်း သုံးစွဲသလို လူမသိသူမသိလှူဒါန်းတာတွေလည်းရှိကြောင်း အခုလိုပဲပြောလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: May Panche’s fb

error: Alert: Content is protected !!