လူမျိုးဘာသာစကားချင်းမတူညီပေမယ့် မြန်မာမလေးကိုချစ်ပြီး မြန်မာစကားပြောတတ်ချင်တဲ့ ရည်းစားလေးအကြောင်းပြောပြလာတဲ့ ပန်ကိတ်ဒါဒါ

ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်ဖြစ်တဲ့ ပန်ကိတ်ဒါဒါဟာ သူမရဲ့ရည်းစားဟောင်း အဆိုတော်နဲ့ ပြတ်ဆဲပြီးတဲ့နောက်မှာ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အများအပြားရရှိခဲ့တာပဲဖြစ်ပါတယ်။ ပန်ကိတ်ဒါဒါဟာ ရည်းစားဟောင်းအဆိုတော်နဲ့ ပြတ်ဆဲသွားခဲ့တာကြာခဲ့ပြီဖြစ်သလို သူမရဲ့အချစ်သစ်နဲ့လည်း သာယာအေးချမ်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ အချစ်သစ်နဲ့တွေ့ရှိပြီး သာယာတဲ့အချိန်ကောင်းလေးကို ပိုင်ဆိုင်နေရပြီဖြစ်တဲ့ ပန်ကိတ်ဒါဒါဟာ ဒီကနေ့မှာတော့ သူမရဲ့ချစ်စရာကောင်းတဲ့ ရည်းစားလေးအကြောင်းကို ပရိသတ်တွေဆီပြောပြလာခဲ့ပါတယ်။

ပန်ကိတ်ဒါဒါက သူမကိုအရမ်းချစ်ပြီး သူမရဲ့ဘာသာစကားကိုလည်း စိတ်ဝင်တစားရှိတဲ့ ရည်းစားလေးအကြောင်းကို “မြန်မာစာကို Google ကနေ translation သွားရှာလာတဲ့ ရိန်းဇားလေး 😂😂 အမလေး ငါချစ်လိုက်တာ နော။ ကိုယ်ပြောတာမပြီးသေးတာ ကြားဖြတ်ပြောလို့ သူ့ကိုစိတ်ဆိုးမယ်လုပ်တာ ဆက်ပြော ပါပေါ့ သူပြောချင်တာ 😆😂 So cute 😘😍” ဆိုပြီး ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ပန်ကိတ်ဒါဒါကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် ဒီတစ်ခါမှာတော့ သူမအပေါ်အရမ်းချစ်ပြီး သူမရဲ့ဖြစ်တည်မှုအပေါ်ကိုလည်း လိုက်လျောညီထွေဖြစ်အောင်ကြိုးစားချင်တဲ့ လူမျိုးခြားရည်းစားလေးကို ပိုင်ဆိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ပန်ကိတ်ဒါဒါတို့ချစ်သူနှစ်ယောက် အခုလိုပဲ ထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ya Min Oo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Ya Min Oo’s fb

error: Alert: Content is protected !!