လူမျိုးခြားတွေအလည် တိုင်းတစ်ပါးကိုရောက်နေပေမယ့် သူမကိုအမြဲတမ်းပျော်ရွှင်အောင်ထားတဲ့ ခင်ပွန်းသည်အကြောင်းပြောပြလာတဲ့ ချမ်းချမ်း
အဆိုတော်ချမ်းချမ်းကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် အောင်မြင်လာပြီး နိုင်ငံကျော်အဆိုတော်ဖြစ်လာခဲ့သူပါ။ ချမ်းချမ်းက အခုဆိုရင် သူမရဲ့ ဒုတိယမြောက်သမီးလေးနဲ့အတူတူ ခင်ပွန်းဖြစ်သူရဲ့မွေးရပ်မြေ အီတလီနိုင်ငံမှာနေထိုင်နေတာပဲဖြစ်ပါတယ်။ တိုင်းတစ်ပါးလူမျိုးခြားတွေအလည်မှာရောက်ရှိနေပေမယ့် ချမ်းချမ်းက သူမကိုအမြဲတမ်းပျော်ရွှင်အောင်ထားတဲ့ ခင်ပွန်းသည်ကြောင့် စိတ်ချမ်းသာနေရကြောင်း အခုလိုပဲပြောလာပါတယ်။
“မနေ့ညက စမ်းချောင်းလေးဘေးနားက စားသောက်ဆိုင်လေးမှာ ညစာသွာစားကြတယ်။ အရမ်းအေးချမ်းပီးလှပတဲ့နေရာမို့ booking က အမြဲပြည့်နေတာ။ ဘယ်တော့မှ ထိုင်ခွင့်မရဘူး။ ဖေဖေက မရရအောင် booked လုပ်ပီး ခေါ်လာပေးတယ်။ ကိုယ်သွားချင် စားချင်တဲ့ နေရာတိုင်းကို အမြဲ ရအောင်ပို့ပေး တဲ့ဖေဖေရေ အမြဲပျော်အောင် ထားပေးလို့ကျေးဇူးပါနော် Love of my life❤️I love u babe” ဆိုပြီး သူမတို့မိသားစုရဲ့ ကြည်နူးစရာအခိုက်အတံ့တွေကို မျှဝေပေးလာပါတယ်။
ချမ်းချမ်းကတော့ သူမအပေါ်အရမ်းချစ်ပြီး အရိပ်တကြည့်ကြည့်ဂရုစိုက်တဲ့ ခင်ပွန်းသည်ကြောင့် ပျော်ရွှင်နေရတာပဲဖြစ်ပါတယ်။ ချမ်းချမ်းတို့မိသားစုလေး အခုလိုထာဝရပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Chan Chan ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Chan Chan ‘s fb