လူပျိုပေါက်ဖြစ်လာတဲ့ သားလေးအောင်ဗိုလ်ကောင်းသန့်နဲ့ ကွာဟမှုတွေကြောင့် စိတ်အခန့်မသင့်မှုတွေဖြစ်နေရကြောင်း ရင်ဖွင့်လာတဲ့ ထွန်းအိန္ဒြာဗိုလ်
အဆိုတော်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေမှာ သာတဲ့ဘက်ကိုတိမ်းညွှန့်တဲ့ အပြုအမူတွေကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံနေရတာပဲဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်ဟာ အနုပညာအလုပ်တွေအားလုံးကို ရပ်နားထားပြီး မိသားစုအတွက်ပဲ အချိန်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ထွန်းအိန္ဒြာဗိုလ်က သူမရဲ့သားလေး အောင်ဗိုလ်ကောင်းသန့်နဲ့ စိတ်အခန့်မသင့်မှုတွေဖြစ်ပေါ်နေတဲ့အကြောင်းကို ရင်ဖွင့်လာခဲ့ပါတယ်။
ထွန်းအိန္ဒြာဗိုလ်က “သား နဲ့ ကျမ ကြားမှာ ကွာဟမှုလေးတွေရှိနေပါတယ်။ အဖြေရှာတော့ အသက်အရွယ် အတွေ့အကြုံ မတူညီခြင်းက အဓိက ပါ။ သားက ၁၆ နှစ် ကျမက ၅၆ နှစ်လေ မိဘ နေရာရောက်လာတော့ သား သမီးအပေါ် သူ မှားနေ မှန်နေတာလေးတွေ အတွက် စကားစမြည် မကြာခဏပြောဖြစ်ရပါတယ်။ သားလက်ခံ အဆင်ပြေတာရှိသလို သားနားလည်နိုင်စွမ်းမရှိပဲ ငြင်းပယ်ခံရတာလည်းရှိပါတယ်။ သားတို့သင်ကြားမှုအတွေ့အကြုံအရ ယုတ္တိမတန်ရင် လက်ခံလေ့မရှိပါဘူး။ သားက နူးညံ့ပျော့ပျောင်း ပေမယ့် သူလက်မခံနိုင်တဲ့ကိစ္စအတွက် အလွန်ခေါင်းမာပါတယ်။ ကျမက ဘာသာတရားရဲ့အဆုံးအမနဲ့ ကျမ တတ်စွမ်းသလောက်လေး သားကို သင်ကြားလေ့ရှိပါတယ်။ သား က ငယ်ငယ်ကလို မိဘ ပြောသမျှ မျက်လုံးအဝိုင်းသားနဲ့ နားထောင်လေ့ မရှိတော့ပဲ သူ သင်ကြားသိမြင်သမျှနဲ့ ကျမ ကိုပြန်မေးခွန်းထုတ်လေ့ရှိတယ်။ သူ့စိတ်ဝင်စားမှုအတွက် ကျမ ကျေနပ်ရပါတယ်။”
“တခါတရံလည်း သူ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ ကျမရဲ့ ဆုံးမစကားတချို့အပေါ် ရန်လိုတာမျိုးအထိ ကြုံရတတ်ပါတယ်……( သူ ခံစားနေရတာလေးကို ထည့်တွက်ပေးဖိုလိုတယ် လို့ ကျမ သင်ကြား မိပါတယ် ) ကျမတွေးတယ်လေ ကျမနဲ့သား အကြား ကွာဟမှုက အသိအမြင်level မတူကြဘူး။ level တူတဲ့ ကိစ္စလေးတွေမှာလည်း ခံစားမှု degree မတူကြပြန်ဘူး။ လက်ခံပါတယ်လေ အခြေခံအကြောင်းတရားတွေမှ မတူကြတာကိုး။ သဘာဝလက္ခဏာ နဲ့ သာမညလက္ခဏာ အဖြစ် ကျမတို့ ကွဲလွဲနေကြပါတယ်။ သဘာဝလက္ခဏာ ဆိုတာ ရုပ်နာမ်တို့ရဲ့ ကိုယ်ပိုင်လက္ခဏာမျိုးပါ။ ဥပမာ အမျိုးသမီး နဲ့ အမျိုးသား ဆိုပါတော့ အမျိုးသမီးတွေရဲ့ သဘာဝလက္ခဏာအားဖြင့် လှချင်တယ် စိတ်နုတယ်။ ချက်ပြုတ်ချင်တယ် အားငယ်တတ်တယ် မျက်ရည်ကျလွယ်တယ် စသဖြင့် အမျိုးသမီးတို့ရဲ့ ပင်ကိုယ်သဘာဝတွေဟာ အမျိုးသမီးတို့ရဲ့ သဘာဝ လက္ခဏာတွေပါပဲ။ အမျိုးသားတွေကတော့ အကြမ်းခံတယ် ခွန်အားကြီးတယ်။ ရှာဖွေကျွေးမွေးလိုတယ်။ ရင်ဆိုင်ဖြေရှင်းလိုတယ် စသဖြင့် အမျိုးသားတို့ရဲ့ အခြေခံသဘောသတ္တိတွေဟာလည်း အမျိုးသားတို့ရဲ့ သဘာဝလက္ခဏာတွေဖြစ်ပါတယ်။”
“သာမညလက္ခဏာဆိုတာကတော့ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ အရာရာမမြဲခြင်းအားဖြင့် ခရီးဆက်နေကြရတယ်ဆိုတဲ့ ဘုံတူညီတဲ့ သဘောလက္ခဏာဖြစ်ပါတယ်။ သားမှာ သားအသက်အရွယ်အရ လိုချင်တဲ့ အဝတ်အစား အသုံးအဆောင် သွားချင်တဲ့နေရာ လုပ်ချင်တဲ့ကိစ္စ သူ့အရွယ်အရ ရင်ဆိုင်နေရတဲ့စိမ်ခေါ်မှု သူလုပ်ရမယ့်အလုပ်လေးတွေရဲ့ဖိအား စသည်ဖြင့် သားရဲ့ပတ်ဝန်းကျင်က သားအတွက် အကြီးကြီးဖြစ်နေတယ်။ ကျမလည်း ကျမအရွယ်နဲ့ လိုက်ရောညီထွေတဲ့ ဖိအားမျိုးစုံရှိပါတယ်။ သို့သော် ကျမက မမြဲတဲ့သဘာဝကို နှလုံးသွင်းနိုင်တဲ့ အရွယ်မို့ သားလို အကြီးကြီး ဖြစ်မနေပါဘူး။ သားက သဘာဝလက္ခဏာတွေမှာ ရွာလည်ရင်း သင်ယူနေရတဲ့အရွယ်လေ ကျမ က သာမညလက္ခဏာနဲ့ သားဖြစ်နေတာကို မြင်နိုင်တဲ့ အရွယ်ပေါ့။ အချိန်ဆိုတာ အဖြေတွေအများကြီးထုတ်ပေးနိုင်ပါတယ်။ အဲ့ဒီအဖြေတွေထဲမှာ သားဇောကပ်နေတဲ့ ကျမစိတ်တွေကိုမမြဲကြောင်းဆင်ခြင်ရင်း သားလေးကို ကြီးပျင်းဖို့ အချိန်ပေးရမယ် ဆိုတဲ့ အဖြေလည်းပါဝင်ပါတယ်။ မိသားစုတိုင်း ပျော်ရွှင်အောင်မြင်နိုင်ကြပါစေ ( သဘာဝ အမှန်တရားတစ်ခုကို ခလေးနားလည်အောင် အလွယ်ပြောမိခဲ့တဲ့ ကျမရဲ့ စကားတစ်ခုကြောင့် သားလေး အသိမှားနေတဲ့ အဖြစ်လေး ကြုံရင် ရေးသားပါအုံးမယ် )” ဆိုပြီး ရေးသားခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Mi Mi Khine ‘s fb