လုပ်ငန်းရှင်တွေဆီ ဖုန်းဆက်ငွေချေးနေတဲ့ မော်ဒယ်လ်မျိုးကိုကိုစန်းရဲ့ အကောင့်နဲ့ပတ်သက်ပြီး သတိပေးစကားပြောလာခဲ့တဲ့ မြတ်သူသူ
သရုပ်ဆောင်မြတ်သူသူကတော့ အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ နှစ်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်ပီပီ ခင်မင်ရင်းနှီးတဲ့ သရုပ်ဆောင်၊ မော်ဒယ်လ် ၊ အဆိုတော်တွေများစွာရှိတဲ့ မြတ်သူသူဟာ ဒီတစ်ခေါက်မှာလည်း သူမနဲ့ အရင်ကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့ LGBT မော်ဒယ်လ် မျိုးကိုကိုစန်း အကောင့်နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောလာပါတယ်။
“ကာယကံရှင်ညီမလေးမျိုးကိုကိုစန်းသိစေဖို့ရည်ရွယ်ပါတယ်နော် ညီမလေးရဲ့သိက္ခာကျစေဖို့မဟုတ်ပဲ ညီမလေးနာမည်သုံးနေတာ သိစေဖို့ရည်ရွယ်ပြီး ဒီပိုစ့်လေးတင်ပါရစေနော်။ မျိုးကိုကိုစန်းနဲ့ အမက ၂၀၁၆ လောက်ကနေစပြီး သူ့ရဲ့ချစ်စရာပုံစံလေးကြောင့် အကောင့်မှာ Friend အပ်ပြီး ခင်ခဲ့ပါတယ်။ ဒီကြားအတွင်း အကောင့်ထဲရှိနေတာကလွဲပြီး စကားလည်းသိပ်မပြောဖြစ်ကြသလို အပြင်မှာတော့ တခါမှမဆုံဖူးခဲ့ပါဘူး။ (21.6.2022) ရက်နေ့ Live Sale တခုမှာ MKKS အကောင့်တခုနဲ့ ဖိနပ်လိုချင်လို့ဆိုပြီး ဝင်မန့်ပါတယ်။ အမကလည်း နဂိုထဲက ချစ်တဲ့ညီမလေးမို့ သေချာလေးပြန်ဖြေဖြစ်ပါတယ် အဲ့အချိန်မှာ လုပ်ငန်းရှင်ကြီးကြီးတယောက်ကလည်း MKKS ကိုချစ်လို့ဆိုပြီး စကားတွေဝင်ပြောခဲ့ပါသေးတယ် ”
“အခုကာလအတွင်း အမနဲ့လည်း အဆက်အသွယ်ထပ်မရှိတော့ပါဘူး ဒါပေမဲ့ အဲ့နောက်ပိုင်း လုပ်ငန်းရှင်ကြီးကြီးနဲ့ အမဆီ ငွေလှမ်းချေးတဲ့အကြောင်းတွေ ဖုန်းဆက်လာကြပါတယ် အမနဲ့ပတ်သက်ပြီး သူတို့ကသိကြတာမို့ အတုလူလိမ်ဖြစ်ခဲ့ရင်ဆိုတဲ့စိတ်နဲ့ ဒီပိုစ့်လေးကို တင်လိုက်တာပါ။ အမနဲ့ဖုန်းတွေပြောတာလည်း အသံကတော့ တူပါတယ် ဒါပေမဲ့ ရုပ်မမြင်ရလို့ အတုအစစ်သေချာမပြောနိုင်ပါဘူး။ အကောင့် Hack ခံရရင်တော့မပြောတတ်ပါဘူး။ အမနဲ့ပြောနေတဲ့အကောင့်ကလည်း သွားကြည့်တဲ့အချိန်မရှိတော့ပါဘူး။ ဒါကြောင့် MKKS ရဲ့ Blue Mark ရှိတဲ့ Page ကနေ သွားမေးပေမယ့် မတွေ့ဘူးထင်ပါတယ် စာမပြန်လို့ပါ။ ဒါကြောင့် လူလိမ်ဆိုရင်လည်း ညီမလေးမျိုးကိုကိုစန်းသိက္ခာကျစေတာမို့ သိရအောင်လို့ပါ”
“အဲ့နေ့ည Live ပြီးတဲ့အချိန်မှာပဲ Live လွှင့်တဲ့ဆိုင်ဖုန်းကို ဖုန်းဆက်လာပြီး အမဖုန်းနာပါတ်လိုချင်တယ်ပြောတော့ အမနဲ့ဖုန်းပြောပြီး နာပါတ်ပေးခဲ့ပါတယ် အသံကတော့ MKKS အသံပါပဲ ဒါပေမဲ့ ဖုန်းပဲပြောရတာဖြစ်လို့ အတုအစစ်တော့ မသိပါဘူး။ အဲ့နေ့ညမှာပဲ ဖုန်းတွေဆက်ပါတယ် အကြောင်းအရာရေရေရာရာမရှိပဲ သူများအကြောင်းတွေပါလာလို့ အမလည်း ညမိုးချုပ်နေလို့ ဖုန်းဆက်မပြောဖြစ်တော့ပါဘူး။ အကောင့်အတုများဖြစ်နေမလားဆိုပြီး ၂၀၁၆ ထဲက Friend ဖြစ်ထားတဲ့ အကောင့်မှာ သွားမေးကြည့်တော့ အကောင့် ၂ ခုဖွင့်ထားတယ်လို့ပြောခဲ့ပါတယ်။ အဲ့အထိလည်း ပြသနာမရှိပါဘူး ခင်တဲ့အတွက် ရန်ကုန်လာရင် လာလည်မယ်ဆိုပြီးပြောတာတောင် လာဖို့ပြောခဲ့ပါတယ်။ မြတ်သူကနေတဆင့်သိရတဲ့ လုပ်ငန်းရှင်အမတွေဆီ ဖုန်းဆက်ငွေချေးနေတာတွေလုပ်လို့ပါ MKKS ရဲ့ Page ကိုသွားမေးပေမယ့် စာမပြန်လို့ပါရှင် ပြောနေကျအကောင့်ကလည်း မရှိတော့လို့ပါ ” ဆိုပြီး အခုလိုပဲပြောလာပါတယ်။
မြတ်သူသူကတော့ သူမနဲ့ လုပ်ငန်းရှင်တွေပါတဲ့အကောင့်မှာ ငွေချေးနေတဲ့ မျိုးကိုကိုစန်းကိုယ်တိုင်အသုံးပြုတဲ့အကောင့်လား ဒါမှမဟုတ် အဟက်ခံထားရတာလားဆိုတာကို မသိတာကြောင့် မျိုးကိုကိုစန်းအတွက် နစ်နာမှုတွေဖြစ်လာမှာစိုးတဲ့အတွက် အခုလိုပဲ လူသိရှင်ကြားသတိပေးလာခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Myat Thu Thu-မြတ်သူသူ’s fb
လုပ်ငန်းရှင်တွေဆီ ဖုန်းဆက်ငွေချေးနေတဲ့ မော်ဒယ်လ်မျိုးကိုကိုစန်းရဲ့ အကောင့်နဲ့ပတ်သက်ပြီး သတိပေးစကားပြောလာခဲ့တဲ့ မြတ်သူသူ
သရုပ်ဆောင်မြတ်သူသူကတော့ အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ နှစ်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်ပီပီ ခင်မင်ရင်းနှီးတဲ့ သရုပ်ဆောင်၊ မော်ဒယ်လ် ၊ အဆိုတော်တွေများစွာရှိတဲ့ မြတ်သူသူဟာ ဒီတစ်ခေါက်မှာလည်း သူမနဲ့ အရင်ကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့ LGBT မော်ဒယ်လ် မျိုးကိုကိုစန်း အကောင့်နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောလာပါတယ်။
“ကာယကံရှင်ညီမလေးမျိုးကိုကိုစန်းသိစေဖို့ရည်ရွယ်ပါတယ်နော် ညီမလေးရဲ့သိက္ခာကျစေဖို့မဟုတ်ပဲ ညီမလေးနာမည်သုံးနေတာ သိစေဖို့ရည်ရွယ်ပြီး ဒီပိုစ့်လေးတင်ပါရစေနော်
မျိုးကိုကိုစန်းနဲ့ အမက ၂၀၁၆ လောက်ကနေစပြီး သူ့ရဲ့ချစ်စရာပုံစံလေးကြောင့် အကောင့်မှာ Friend အပ်ပြီး ခင်ခဲ့ပါတယ်။ ဒီကြားအတွင်း အကောင့်ထဲရှိနေတာကလွဲပြီး စကားလည်းသိပ်မပြောဖြစ်ကြသလို အပြင်မှာတော့ တခါမှမဆုံဖူးခဲ့ပါဘူး။ (21.6.2022) ရက်နေ့ Live Sale တခုမှာ MKKS အကောင့်တခုနဲ့ ဖိနပ်လိုချင်လို့ဆိုပြီး ဝင်မန့်ပါတယ်။ အမကလည်း နဂိုထဲက ချစ်တဲ့ညီမလေးမို့ သေချာလေးပြန်ဖြေဖြစ်ပါတယ် အဲ့အချိန်မှာ လုပ်ငန်းရှင်ကြီးကြီးတယောက်ကလည်း MKKS ကိုချစ်လို့ဆိုပြီး စကားတွေဝင်ပြောခဲ့ပါသေးတယ် ”