လုပ်ငန်းတစ်ခုကို ရက်ပိုင်းအတွင်း အောင်မြင်ကျော်ကြားအောင်လုပ်နိုင်ခဲ့တဲ့ ချစ်ဇနီးကို ချီးကျူးဂုဏ်ပြုစကားဆိုလာတဲ့ နိုင်းဝမ်း

လူငယ်တွေအကြိုက် သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော် နိုင်းဝမ်းကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်ကပဲ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့ပြီပဲဖြစ်ပါတယ်။ နိုင်းဝမ်းတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မန္တလေးမြို့မှာ အထည်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး ထိုဆိုင်လေးဟာလည်း အချိန်ခဏလေးအတွင်းမှာ အောင်မြင်လာတဲ့အတွက် နိုင်းဝမ်းက သူ့ရဲ့ချစ်ဇနီးကို အခုလိုပဲ ချီးကျူးဂုဏ်ပြုစကားပြောလာတာကို တွေ့ရပါတယ်။

နိုင်းဝမ်းက “Congratulation ပါ မိန်းမရေ 😘 May Myo Thu Kyaw .. မိန်းမရဲ့အဝတ်အထည်လုပ်ငန်းလေး ရက်ပိုင်းလေးအတွင်းမှာ ထင်မှတ်မထားလောက်အောင်ကို အောင်မြင်ကျော်ကြားရောင်းကောင်းလာတာမြင်ရတွေ့ရတော့ တကယ့်ကိုဝမ်းသာမဆုံးဖြစ်မိပါတယ်။ အခုလိုအခြေအနေလေးဖြစ်လာဖို့ ကျွန်တော်တို့လင်မယားကိုချစ်ခင်စွာ ဝန်းရံပေးခဲ့ကြတဲ့ ချစ်ပရိတ်သတ်များနဲ့ မိတ်ဆွေကောင်းများအားလုံး၊ ဆိုင်လေးကိုဝိုင်းဝန်းကူညီကြေငြာပေးကြတဲ့မီဒီယာများအားလုံး ၊ အနယ်နယ်အရပ်ရပ်မှလာရောက်ဝယ်ယူအားပေးကြသူများအားလုံး၊ လက္ကားမှာယူအားပေးကြသူများအားလုံးကို လေးနက်စွာကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ အခုဆို မနက် ၉နာရီ ဆိုင်မဖွင့်ခင်အချိန်ကတည်းက ဆိုင်ရှေ့မှာလာစောင့်ပြီးဝယ်ယူအားပေးကြသူတွေနဲ့ ည ၉နာရီဆိုင်ပိတ်ချိန်ထိ လူလုံးဝပြတ်မသွားအောင်စည်ကားနေတာကြောင့် ကျွန်တော်တို့လင်မယားလဲ နေ့လည်စာပျောက်နေတာကြာပေါ့ဗျာ😁”

“မနက်မိုးလင်းကတည်းကဝယ်ယူသွားသူတွေကြောင့် နေ့ခင်းပိုင်းလောက်ရောက်ရင်ရွေးစရာသိပ်မကျန်တော့အောင်ဖြစ်ဖြစ်နေတဲ့အတွက်အရမ်းကိုအားနာလှပါတယ်ခင်ဗျာ.. အဲ့ဒီအတွက်လဲ ဆိုင်အပေါ်ထပ်မှာအထုပ်သစ်တွေဖောက်ပြီး စိတ်ကြိုက်ဝင်ရွေးနိုင်အောင်စီစဉ်ပေးထားပါတယ်။ ကျွန်တော်တို့တစ်ဆိုင်လုံးလဲ အခုလိုချိန်ထိမအိပ်ပဲ ဈေးဝယ်သူတို့ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့ မနက်ဆိုင်ဖွင့်ချိန်မှာတစ်ဆိုင်လုံးအထည်တွေအပြည့်ပြန်ဖြစ်နေအောင် ရှိတဲ့ဝန်ထမ်းလေးတွေနဲ့ နေ့မအားညမနား အစွမ်းကုန်ကြိုးစားပြင်ဆင်ပေးနေပါတယ်ခင်ဗျာ။ ဒီရက်ပိုင်းလူအရမ်းများနေလို့ ကျွန်တော်တို့ဆိုင်ဘက်က လိုအပ်ချက်များ၊ အားနည်းချက်များရှိခဲ့ပါက နားလည်ခွင့်လွတ်ပေးကြဖို့အနူးအညွတ်တောင်းပန်အပ်ပါတယ်🙏 အတွေ့အကြုံလုံးဝမရှိသေးတဲ့အလုပ်တစ်ခုဖြစ်တာကြောင့် အစစအရာရာမှာ လစ်ဟာမှုတွေမရှိအောင် အားကုန်သုံး၍ကြိုးစားပြင်ဆင်နေကြပါတယ်ခင်ဗျာ။ အွန်လိုင်းကနေလဲ လက်လီရောင်းချမှုကို ခေတ္တရပ်နားထားပါကြောင်းကြေငြာအပ်ပါတယ်။ လက္ကားဝယ်ယူသူများအတွက်လဲ မြန်မာပြည်တစ်ဝှမ်းလုံးကို အမြန်ဆုံးပို့ဆောင်ပေးနေပါတယ်ခင်ဗျာ။ သမာအာဇီဝလုပ်ငန်းလေးဖြစ်လို့ ဘယ်လောက်ပဲပင်ပန်းပင်ပန်း များစွာကျေနပ်မိပါတယ်။ ရှေ့ဆက်ပြီး ယခုလိုပဲ အမြဲတမ်းချစ်ခင်စွာဝန်းရံအားပေးကြပါအုံးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ😍” ဆိုပြီး နိုင်းဝမ်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

နိုင်းဝမ်းကတော့ ချစ်ဇနီးအတွက် အထည်ဆိုင်လေးဖွင့်လှစ်ပေးခဲ့ရာ ရက်ပိုင်းအတွင်း ဝက်ဝက်ကွဲရောင်းချနိုင်ခဲ့တာကြောင့် ဝမ်းသာမဆုံးဖြစ်နေတာပဲဖြစ်ပါတယ်။ နိုင်းဝမ်းတို့ ဇနီးမောင်နှံရဲ့ဆိုင်လေးလည်း ဒီထက်မက ရောင်းကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kyaw Zin Latt ‘s fb

error: Alert: Content is protected !!