မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ထိပ်ဆုံးမှာ အောင်မြင်နေသူဖြစ်ပြီး အခုဆိုရင် သူမကိုယ်တိုင် သီချင်းတွေကို သီဆိုနေပြီပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ မနေ့က မေလ (၇)ရက်နေ့မှာတော့ သူမရဲ့ ပထမဦးဆုံးသီချင်းဖြစ်တဲ့ “ကျေနပ်ရတယ်” Music Video လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။
သင်ဇာဝင့်ကျော်က “‘ကျေနပ်ရတယ်’ official music video ..သင်ဇာ့ရဲ့ပထမဆုံး music video မို့လိုအပ်ချက်တွေတော့ရှိပါတယ်။ ဒါပေမဲ့ ပါဝင်သူများအားလုံးအကောင်းဆုံးကြိုးစားထားကြတဲ့အတွက် အားပေးကြပါဦး 🖤” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ သင်ဇာဝင့်ကျော်ရဲ့ သီချင်းလေးကို နှစ်ခြိုက်စွာနဲ့ အားပေးကြတာကို တွေ့ရပါတယ်။
သင်ဇာဝင့်ကျော်ကတော့ ပထမဦးဆုံးသီချင်းလေးမှာတင် ပရိသတ်တွေနဲ့ လက်ခံအားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ သီချင်းလေးကို နားဆင်ပြီး မှတ်ချက်လေးတွေပေးပေးခဲ့ကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: Thin Zar Wint Kyaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
လိုအပ်ချက်တွေရှိပေမယ့်လည်း ပထမဦးဆုံးသီချင်းလေးကို ပရိသတ်တွေအားပေးနှစ်ခြိုက်ခြင်းခံခဲ့ရတဲ့ သင်ဇာဝင့်ကျော်
Yolo