“လိပ်ပြာလုံတယ်ဆိုတဲ့စကားကို အရှက်မရှိသုံးရဲသေးတယ်” ဆိုပြီး ပန်ဆယ်လိုရဲ့ ပြောဆိုမှုကို ပြန်လည်တောင်းပန်လာတဲ့ ငြိမ်းသော်

မော်ဒယ်လ် သရုပ်ဆောင် ငြိမ်းသော်ကတော့ TomorrowLand ဂီတဖျော်ဖြေပွဲကိုသွားရောက်ခဲ့ပြီး မြန်မာနိုင်ငံအလံကို အသုံးပြုခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ငြိမ်းသော်က ဒီကနေ့မှာတော့ သူ့ရဲ့မှားယွင်းမှုအတွက် ပရိသတ်တွေကို ပြန်လည်တောင်းပန်လာခဲ့ပြီး ထိုတောင်းပန်စာထဲမှာ “ဒီနေ့အထိ ကျနော့်ရပ်တည်ချက် ခံယူချက်အတွက် လိပ်ပြာသန့်စွာနေတယ်” ဆိုပြီး ရေးသားခဲ့တာကြောင့် ပန်ဆယ်လိုက ဝေဖန်ခဲ့ရာ ငြိမ်းသော်က ပန်ဆယ်လိုကို အခုလိုပဲ ပြန်လည်တောင်းပန်လာခဲ့ပါတယ်။

ပန်ဆယ်လိုက ငြိမ်းသော်ရဲ့တောင်းပန်ပိုစ့်အောက်မှာ “နင်ပံငြိမ်းနုသွေး ငါကပန်မို့မို့အေး လိပ်ပြာလုံတယ်ဆိုတဲ့စကားကို $ရှက်မရှိ သုံးရဲသေးတယ်။ ငါတို့တောင် လိပ်ပြာမလုံရဲသေးဘူး။ Tomorrow Land မှာ ရေပေါ်ဆီတသိုက်နဲ့ မြန်မာအလံကိုင် ပွဲခံရလို့ လိပ်ပြာလုံတာလား။ $ ကျိုးနည်း ၅/.. ၅/ တွေ မီးရှို့ခဲ့နေရချိန်မှာ Tomorrow Land မှာ မြန်မာပြည်ကြီး ငြိမ်းချမ်းနေသယောင် လုပ်ပြခဲ့တဲ့ ၅/ .. လိပ်ပြာလုံတယ်ဆိုပြီး ယွထားတဲ့ပုံတွေပြန်ဖျက်တာ လိပ်ပြာလုံတာလား။ ကိုဝေမိုးနိုင်ကတော့ မုံရွာသားလေးငြိမ်းသော်ဆိုပြီး အထဲက ဘာမှမသိပဲ ဂုဏ်ယူနေဦးမှာ။ လိပ်ပြာလုံတယ်ဆိုတော့ တော်လှန်ရေးအောင်သွားလို့ လိပ်ပြာလုံတာလား” ဆိုပြီး ပြောလာတာကို ငြိမ်းသော်က “လိပ်ပြာလုံတယ်လို့ သုံးနှုန်းတာက ကျွန်တော့်ရပ်တည်ချက်ကိုဆိုလိုတာပါအစ်မ.. ထပ်ပြီး နားလည်မှုလွဲသွားရင်တောင်းပန်ပါတယ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ငြိမ်းသော်ကတော့ သူ့ရဲ့စကားအပြောအဆိုမှားယွင်းမှုအတွက် ပန်ဆယ်လိုကို ပြန်လည်တောင်းပန်ခဲ့တာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ငြိမ်းသော်ရဲ့ တောင်းပန်မှုဟာလည်း အရာမဝင်ပဲ ပရိသတ်တွေက ဝေဖန်နေကြဆဲပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nyein Thaw ‘s fb

error: Alert: Content is protected !!