လသားအရွယ်ကလေးလေးနဲ့အတူတူ ပရိသတ်တွေအထင်လွဲစေမယ့် ပိုစ့်တစ်ခုတင်လာခဲ့တဲ့ အေးမြတ်သူ
အေးမြတ်သူကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး အခုဆိုရင် အကယ်ဒမီဆုရှင်မင်းသမီးတစ်ယောက်ဖြစ်လို့နေပြီပဲဖြစ်ပါတယ်။ အကယ်ဒမီဆုကြီးဆွတ်ခူးနိုင်ပြီးမှ ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိခဲ့တဲ့ အေးမြတ်သူဟာ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေကို တစွန်းတစချပြလေ့ရှိသူတစ်ယောက်ပါပဲ။ အေးမြတ်သူကလည်း သူမရဲ့ဖြစ်တည်မှုအပေါ် ပရိသတ်တွေအားလုံးသိရအောင် မချွင်းမချန်ချပြလေ့ရှိတာပဲဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းနေတတ်ပြီး အမြဲတမ်းချစ်စရာကောင်းတဲ့ အေးမြတ်သူဟာ ဒီကနေ့မှာလည်း လသားအရွယ်ကလေးလေးနဲ့ ပရိသတ်တွေ အထင်အမြင်လွဲစေမယ့် ပို့စ်လေးတစ်ခုကို တင်လာပါတယ်။ အေးမြတ်သူက ကလေးလေးဘေးနားမှာ လှံလျောင်းရင်း”ဟုတ်ကဲ့ …ခလေးရော မိခင်ပါ ကျန်းမာပါတယ်🤍👶🏻🤍” ဆိုပြီး တင်ခဲ့တာပဲဖြစ်ပါတယ်။
အေးမြတ်သူကတော့ အိမ်ထောင်တောင်မရှိသေးတဲ့ အမျိုးသမီးဖြစ်ပေမယ့် ပရိသတ်တွေကို စနောက်ချင်လို့ ကလေးအမေလို ပိုစ့်တင်ခဲ့တာပဲဖြစ်ပါတယ်။ အေးမြတ်သူကိုလည်း ပရိသတ်တွေက ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ မြင်ချင်နေကြပြီပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Aye Myat Thu ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Aye Myat Thu ‘s fb