လပြည့်နေ့မှာ ချစ်ဇနီးကို ပဲကပ်ကြော်ကူကြော်ပေးရင်း အလုပ်တွေဝိုင်းကူလုပ်ပေးနေတဲ့ သားငယ်
Myanmar Idol Season (2) သီချင်းဆိုပြိုင်ပွဲရဲ့ Winner ဆုရှင် သားငယ်ကို ပရိသတ်ကြီးအားလုံး မှတ်မိကြဦးမှာပါ။ သားငယ်ဟာ အခုဆိုရင် အဆိုတော်တစ်ယောက်အဖြစ် ဂီတလမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီဆိုပေမယ့် သာမာန်လူတစ်ယောက်လို ရိုးရိုးရှင်းရှင်းဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရိုးရှင်းပြီး ပကာသနမရှိတဲ့ သားငယ်ရဲ့ ပုံစံလေးကို ချစ်ခင်စွာနဲ့ အားပေးနေကြဆဲဖြစ်ပါတယ်။
ဒီကနေ့ ကဆုန်လပြည့်နေ့မှာလည်း သားငယ်ဟာ သူများတွေလို ဘုရားသွားကျောင်းတက်မလုပ်နိုင်ပဲ မိန်းမဖြစ်သူရဲ့အလုပ်ကို ကူညီလုပ်ကိုင်ပေးနေတာပဲဖြစ်ပါတယ်။ သားငယ်က “လပြည့်နေ့ မိန်းမကူ😁 ညနေဘီယာဖိုးရရင်တော့လည်း ကိုယ့်ကံပေါ့😬” ဆိုပြီး မိန်းမဖြစ်သူကိုလည်း စနောက်ကျီစယ်နေခဲ့တာကို တွေ့ရပါတယ်။
သားငယ်ကတော့ မိန်းမဖြစ်သူရဲ့ အလုပ်တွေကို ကူညီပေးရင်း အခါကြီးရက်ကြီးကို အေးအေးချမ်းချမ်းဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ လပြည့်နေ့မှာ ဘာတွေလုပ်ဖြစ်လဲဆိုတာ ပြောပြခဲ့ပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thar Nge ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Thar Nge ‘s fb