လတ်တလောရေပန်းစားနေတဲ့ “ဒေါင်းယာဉ်ပျံမှာရေးတဲ့စာ”သီချင်းလေးကို ခံစားချက်အပြည့်နဲ့သီဆိုပြလာတဲ့ မေသက်ထားဆွေရဲ့ ဗီဒီယို
ချစ်စရာကောင်းတဲ့ အဆိုတော်မလေး မေသက်ထားဆွေကတော့ ငယ်စဉ်ကတည်းက ဆိုကရေးတီးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ရင်း အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မေသက်ထားဆွေဟာ အရွယ်နဲ့မလိုက်အောင် အနုပညာမှာပါရမီပါသူဖြစ်ပြီး ကျောင်းစာကိုလည်း မလစ်ဟင်းရအောင် ကြိုးစားခဲ့တာကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး (၂) ဘာသာနဲ့ အောင်မြင်ပြီးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာတွေကို အမြဲတမ်းမျှဝေပေးတတ်တဲ့ မေသက်ထားဆွေဟာ ဒီကနေ့မှာလည်း သူမကိုယ်တိုင် လက်တန်းသီဆိုထားတဲ့ သီချင်းဗီဒီယိုလေးတစ်ခုကို မျှဝေလာပါတယ်။ မေသက်ထားဆွေက ပရိသတ်တွေလည်းကြိုက်နှစ်သက်သလို သူမကိုယ်တိုင်လည်း ကြိုက်နှစ်သက်နေတဲ့ “ဒေါင်းယာဉ်ပျံမှာရေးတဲ့စာ”သီချင်းလေးကို အခုလိုပဲ သီဆိုပြခဲ့တာဖြစ်ပါတယ်။
မေသက်ထားဆွေကတော့ “ဒေါင်းယာဉ်ပျံမှာရေးတဲ့စာ”သီချင်းလေးကို သူမရဲ့သာယာကြည်အေးတဲ့ အသံလေးနဲ့ သီဆိုပြခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေသက်ထားဆွေသီဆိုထားတဲ့ “ဒေါင်းယာဉ်ပျံမှာရေးတဲ့စာ”သီချင်းလေးကို ကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Maythethtar Swe’s fb
ဇော်ဂျီဖြင့်ဖတ်ရန်