လတ်တလောခေတ်စားနေတဲ့ Effect နဲ့ အစ်မဖြစ်သူမေချစ်သွေး ဆေးကြီးကြီးထိုးခြင်းကိုခံခဲ့ရတဲ့ ပိုင်တံခွန်
သရုပ်ဆောင် ပိုင်တံခွန်ကတော့ လူသိများတဲ့ မင်းသားတစ်ယောက်ဆိုပေမယ့် မာန်မာနတွေ ပကာသနတွေမရှိပဲ နေထိုင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေတင်မကပဲ သူ့ရဲ့လက်တွေ့ဘဝက နေထိုင်မှုပုံစံဟာလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း သူ့ရဲ့ဖြစ်တည်မှုအတွက် ပရိသတ်တွေကို ရိုးရိုးသားသားချပြဖို့ ဝန်မလေးသူတစ်ယောက်ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ပိုင်တံခွန်ဟာ ရှုတင်တစ်ခုမှာ ကြော်ငြာဓာတ်ပုံရိုက်ကူးနေရင်း အစ်မဖြစ်သူရဲ့ ဆေးကြီးကြီးထိုးခြင်းကို ခံခဲ့ရပါတယ်။ ပိုင်တံခွန်ရဲ့အစ်မ မေချစ်သွေးက လက်ရှိ လူမှုကွန်ယက်စာမျက်နှာမှာ ခေတ်စားနေတဲ့ Effect လေးနဲ့ ပိုင်တံခွန်ကို စနောက်ကျီစယ်ခဲ့ကာ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲမျှဝေလာပါတယ်။
ပိုင်တံခွန်ကတော့ အစ်မဖြစ်သူရဲ့ ဆေးထိုးစနောက်ခြင်းကိုခံခဲ့ရပေမယ့် ပရိသတ်တွေကတော့ ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: May Chit Thway’s fb
ဇော်ဂျီဖြင့်ဖတ်ရန်