လတိုင်းရဲ့ (၂၃) ရက်နေ့ကို မသေမချင်း ကြုံဆုံနေရတာဟာ အကြီးမားဆုံး ဝဋ်ကြွေးတစ်ခုပဲလို့ စိတ်မကောင်းစွာဖွင့်ဟလာတဲ့ ခင်မြတ်မွန်

အဆိုတော်တစ်ယောက်လည်းဖြစ်သလို ဟာမိုနီသီဆိုသူတစ်ယောက်လည်းဖြစ်တဲ့ ခင်မြတ်မွန်ကို ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ခင်မြတ်မွန်ရဲ့ သားဟာလည်း အဆိုတော် Raymond ဖြစ်ပြီး Raymond ဟာလည်း ပြီးခဲ့တဲ့နှစ်က ရုတ်တရက်ဆုံးပါးသွားတာမို့ ခင်မြတ်မွန်က မိခင်တစ်ယောက်အနေနဲ့ တော်တော်လေး ဝမ်းနည်းခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၂၃) ရက်နေ့က ရေမွန်ကွယ်လွန်ခြင်း တစ်နှစ်နဲ့ငါးလပြည့်နေ့ဖြစ်ပြီး ခင်မြတ်မွန်က သူ့ရဲ့သားကို သတိရကြောင်း ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ခင်မြတ်မွန်က “ဘဝမှာ မကြုံဆုံချင်ဆုံး မုန်းတီးခါးသီးဆုံး ဒီနေ့ဒီရက်တစ်ခု !!! ရှောင်လွဲပုန်းကွယ်လို့လဲ မရ တစ်လတစ်ကြိမ် မသေမချင်း ကြုံဆုံနေရတာဟာ အကြီးမားဆုံး ဝဋ်ကြွေး၊စိတ်ဒဏ်ရာပါဘဲ။ ဖြစ်နိုင်ရင် ကိုယ့်ရဲစိတ်ကို မညှာမတာ နှိပ်စက်၊— တ်ဖြတ်နေတဲ့(23) ဆိုတာကြီးကို ဘဝထဲကရော၊အချိန် ဇယားထဲကပါ အပြီးဖယ်ထုတ်ပစ်ချင်တယ်။ မတွေးတောရဲလောက်အောင် အဟောင်းတွေ အသစ်ဖြစ်ပြီး ထိခိုက်ကြေကွဲ ရလွန်းပါတယ် 💔😢💔 ဒီနေ့ တွတ်ပီလေး စွန့်ခွာသွားခဲ့တာ တစ်နှစ်၊ငါးလပြည့်ပါပြီ။ အချိန်တွေပြန်လှည့်လို့ရရင် ကြုံလာမဲ့အဖြစ်ဆိုး၊ကြမ္မာဆိုးကြီးကို ကြိုတင်သိမြင်ခွင့်လေးရခဲ့ရင် သိပ်ကောင်းမှာဘဲ 😢 အရာရာဟာ ကံဇာတ်ဆရာရဲ့အလိုကျမို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ကျန်ရစ်သူ မိသားစုက ထွက်ခွာချန်ခဲ့သူအတွက် အတတ်နိုင်ဆုံး၊အကောင်းဆုံး ကုသိုလ်ကောင်းမှုပြုပေးဖို့ဘဲ တတ်နိုင်ပါတော့တယ်။ တစ်နေ့မှ တစ်ရက်မှ မမေ့ဘူးတွတ်ပီရေ..💔😢💕 အသက်ရှုတိုင်း၊အသက်ရှင်နေသမျှ ချစ်ခြင်း၊လွမ်းခြင်း၊နှမြောခြင်းတွေနဲ့ နာကျင်နေရမှာပါ😢 ပြုသမျှကုသိုလ်..တွတ်ပီသာဓုခေါ်ပါ။ မြင့်မြတ်တဲ့ဘုံဘဝမှာ အေးချမ်းစွာ စံပျော်နိုင်ပါစေ။ အားလုံးလဲအမျှရ၍ အေးချမ်းကြပါစေ. . . 🌹🌹🌹” ဆိုပြီး မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။

ခင်မြတ်မွန်ကတော့ သားဖြစ်သူကို ဆုံးရှုံးထားရတဲ့ မိခင်တစ်ယောက်ပီပီ နေ့စဉ်နေ့တိုင်းမှာ သူမရဲ့သားကို လွမ်းဆွတ်သတိရနေတာပဲဖြစ်ပါတယ်။ ရေမွန်တစ်ယောက်လည်း မေမေပြုပေးတဲ့ကုသိုလ်ကောင်းမှုတွေကြောင့် ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာအနားယူနေကြမယ်လို့ ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khin Myat Mon ‘s fb

error: Alert: Content is protected !!