လက်ဦးဆရာ ဒွေးနဲ့ ကျော်ဟိန်းတို့ကိုရည်စူးပြီး သင်္ကန်းဝတ်နေတဲ့ ဘုန်းကြီးကျောင်းမှာ အဟာရဒါနကုသိုလ်နှင့် သင်္ကန်း နဝကမ္မလှူဒါန်းခဲ့တဲ့ ဇွဲနိုင်ဝင်း

သရုပ်ဆောင်၊ အဆိုတော် ဇွဲနိုင်ဝင်းကတော့ အကယ်ဒမီဒွေးရဲ့ ညွှန်ကြားပြသမှုနဲ့ အနုပညာလောကထဲမှာ နာမည်ရလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဇွဲနိုင်ဝင်းဟာ သူ့ရဲ့လက်ဦးဆရာဒွေး ကွယ်လွန်သွားခဲ့ပေမယ့် ဒွေးကို ဒီနေ့ဒီအချိန်ထိမမေ့သေးပဲ ဒွေးနဲ့ပတ်သက်တဲ့အမှတ်တရတွေကို အမြဲပြုလုပ်နေဆဲပဲဖြစ်ပါတယ်။ မနက်ဖြန်ကျရောက်မယ့် ဒွေးကွယ်လွန်ခြင်း (၁၅) နှစ်ပြည့်အတွက်လည်း ဇွဲနိုင်ဝင်းက ကုသိုလ်တွေပြုပေးခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။

လက်ရှိမှာ သာသနာ့ဘောင်ထဲဝင်ရောက်နေတဲ့ ဦးဇောတိကတဖြစ်လည်း ဇွဲနိုင်ဝင်းက “”အကယ်ဒမီမင်းသားကြီး ဦးကျော်ဟိန်းနှင့် ကိုသားကြီးအတွက်ရည်စူးအလှုု” #ပူဇော်ခြင်းတကာ့ ပူဇော်ခြင်းတွေထဲမှာ အမြတ်ဆုံးသော ဓမ္မဖြင့် ပူဇော်ခြင်းသည်.. အသာဆုံး အကောင်းဆုံး အမြတ်ဆုံးဖြစ်ပေ၏။ အမြတ်ဆုံးသော တရားဓမ္မဖြင့် ပူဇော်သောအားဖြင့် ကျေးဇူးဆပ်သောအားဖြင့် ယနေ့ နံက်ခင်း လှည်းကူးမြို့နယ် အမြန်လမ်း ၇ မိုင် ၆ ဖာလုံ ရတနာအောင်မြေကျောင်းတိုက်ရိပ်သာ၌ (၁၁.၇.၂၀၂၂) နေ့အတွက် လွန်ခဲ့သော ၂ နှစ်ခန့်က ကွယ်လွန်သွားသော သရုပ်ဆောင် အကယ်ဒမီ မင်းသားကြီး ဦးကျော်ဟိန်း ( ခ) ဦးကိတ္တိသာရ အားလည်းကောင်း လွန်ခဲ့သော (၁၅) နှစ်ခန့်က ကွယ်လွန်သွားသော ကိုသားကြီး (ခ) အကယ်ဒမီး ဒွေး အားလည်းကောင်းရည်စူး၍ တပည့်ဖြစ်သူ ကိုဇွဲနိုင်ဝင်း (ခ) ဦးဇင်းဦးဇောတိက မိသားစုတို့က ကွယ်လွန်သူများ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေခြင်းအကျိုးငှါ ရည်စူးပြီး ရတနာအောင်မြေကျောင်းတိုက်ရိပ်သာ၌ ကိုယ်တိုင်တရားအားထုတ်ပြီး, တရားစခန်း ဝင်ကြသော သံဃာတော်များ ဆရာလေးများ ယောဂီများအားလည်း, အဟာရဒါနကုသိုလ်နှင့် သင်္ကန်း နဝကမ္မ စသည်တို့ကို ဆက်ကပ်လှုုဒါန်းပါသည်။ မိမိကောင်းမှု၊ အကြောင်းပြု၊ တောင်းဆုထွေထွေပြည့်ဝပါစေ။ ၁၀.၇.၂၀၂၂ အစ်ကို့အတွက် ကျွန်တော် ကုသိုလ်ပြုပါတယ်။ အစ်ကို သာဓု ခေါ်နိုင်ပါစေ 🙏🙏🙏🙏🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ဇွဲနိုင်ဝင်းကတော့ လက်ဦးဆရာ ဒွေးနဲ့ ကျော်ဟိန်းတို့ကိုရည်စူးပြီး သင်္ကန်းဝတ်နေတဲ့ ဘုန်းကြီးကျောင်းမှာ အဟာရဒါနကုသိုလ်နှင့် သင်္ကန်း နဝကမ္မလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ဇွဲနိုင်ဝင်းပြုပေးသမျှ ကုသိုလ်ကို ဒွေးနဲ့ ကျော်ဟိန်းတို့လည်း ရောက်ရှိရာဘုံဘဝကနေ သာဓုခေါ်ဆိုပေးကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Zwe Naing Win ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

လက္ဦးဆရာ ေဒြးနဲ႔ ေက်ာ္ဟိန္းတို႔ကိုရည္စူးၿပီး သကၤန္းဝတ္ေနတဲ့ ဘုန္းႀကီးေက်ာင္းမွာ အဟာရဒါနကုသိုလ္ႏွင့္ သကၤန္း နဝကမၼလႉဒါန္းခဲ့တဲ့ ဇြဲႏိုင္ဝင္း

သ႐ုပ္ေဆာင္၊ အဆိုေတာ္ ဇြဲႏိုင္ဝင္းကေတာ့ အကယ္ဒမီေဒြးရဲ႕ ၫႊန္ၾကားျပသမႈနဲ႔ အႏုပညာေလာကထဲမွာ နာမည္ရလာခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ဇြဲႏိုင္ဝင္းဟာ သူ႔ရဲ႕လက္ဦးဆရာေဒြး ကြယ္လြန္သြားခဲ့ေပမယ့္ ေဒြးကို ဒီေန႔ဒီအခ်ိန္ထိမေမ့ေသးပဲ ေဒြးနဲ႔ပတ္သက္တဲ့အမွတ္တရေတြကို အၿမဲျပဳလုပ္ေနဆဲပဲျဖစ္ပါတယ္။ မနက္ျဖန္က်ေရာက္မယ့္ ေဒြးကြယ္လြန္ျခင္း (၁၅) ႏွစ္ျပည့္အတြက္လည္း ဇြဲႏိုင္ဝင္းက ကုသိုလ္ေတြျပဳေပးခဲ့ေၾကာင္း အခုလိုပဲေျပာလာပါတယ္။

လက္ရွိမွာ သာသနာ့ေဘာင္ထဲဝင္ေရာက္ေနတဲ့ ဦးေဇာတိကတျဖစ္လည္း ဇြဲႏိုင္ဝင္းက “”အကယ္ဒမီမင္းသားႀကီး ဦးေက်ာ္ဟိန္းႏွင့္ ကိုသားႀကီးအတြက္ရည္စူးအလႈု” #ပူေဇာ္ျခင္းတကာ့ ပူေဇာ္ျခင္းေတြထဲမွာ အျမတ္ဆုံးေသာ ဓမၼျဖင့္ ပူေဇာ္ျခင္းသည္.. အသာဆုံး အေကာင္းဆုံး အျမတ္ဆုံးျဖစ္ေပ၏။ အျမတ္ဆုံးေသာ တရားဓမၼျဖင့္ ပူေဇာ္ေသာအားျဖင့္ ေက်းဇူးဆပ္ေသာအားျဖင့္ ယေန႔ နံက္ခင္း လွည္းကူးၿမိဳ႕နယ္ အျမန္လမ္း ၇ မိုင္ ၆ ဖာလုံ ရတနာေအာင္ေျမေက်ာင္းတိုက္ရိပ္သာ၌ (၁၁.၇.၂၀၂၂) ေန႔အတြက္ လြန္ခဲ့ေသာ ၂ ႏွစ္ခန႔္က ကြယ္လြန္သြားေသာ သ႐ုပ္ေဆာင္ အကယ္ဒမီ မင္းသားႀကီး ဦးေက်ာ္ဟိန္း ( ခ) ဦးကိတၱိသာရ အားလည္းေကာင္း လြန္ခဲ့ေသာ (၁၅) ႏွစ္ခန႔္က ကြယ္လြန္သြားေသာ ကိုသားႀကီး (ခ) အကယ္ဒမီး ေဒြး အားလည္းေကာင္းရည္စူး၍ တပည့္ျဖစ္သူ ကိုဇြဲႏိုင္ဝင္း (ခ) ဦးဇင္းဦးေဇာတိက မိသားစုတို႔က ကြယ္လြန္သူမ်ား ဆင္းရဲကင္း၍ ကိုယ္စိတ္ႏွစ္ပါး ၿငိမ္းခ်မ္းပါေစျခင္းအက်ိဳးငွါ ရည္စူးၿပီး ရတနာေအာင္ေျမေက်ာင္းတိုက္ရိပ္သာ၌ ကိုယ္တိုင္တရားအားထုတ္ၿပီး, တရားစခန္း ဝင္ၾကေသာ သံဃာေတာ္မ်ား ဆရာေလးမ်ား ေယာဂီမ်ားအားလည္း, အဟာရဒါနကုသိုလ္ႏွင့္ သကၤန္း နဝကမၼ စသည္တို႔ကို ဆက္ကပ္လႈုဒါန္းပါသည္။ မိမိေကာင္းမႈ၊ အေၾကာင္းျပဳ၊ ေတာင္းဆုေထြေထြျပည့္ဝပါေစ။ ၁၀.၇.၂၀၂၂ အစ္ကို႔အတြက္ ကြၽန္ေတာ္ ကုသိုလ္ျပဳပါတယ္။ အစ္ကို သာဓု ေခၚႏိုင္ပါေစ 🙏🙏🙏🙏🙏” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။

ဇြဲႏိုင္ဝင္းကေတာ့ လက္ဦးဆရာ ေဒြးနဲ႔ ေက်ာ္ဟိန္းတို႔ကိုရည္စူးၿပီး သကၤန္းဝတ္ေနတဲ့ ဘုန္းႀကီးေက်ာင္းမွာ အဟာရဒါနကုသိုလ္ႏွင့္ သကၤန္း နဝကမၼလႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။ ဇြဲနိုင္ဝင္းျပဳေပးသမွ် ကုသိုလ္ကို ေဒြးနဲ့ ေက်ာ္ဟိန္းတို့လည္း ေရာက္ရိွရာဘံုဘဝကေန သာဓုေခၚဆိုေပးၾကမယ္ထင္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Zwe Naing Win ‘s fb

error: Alert: Content is protected !!