လက်ရှိအဝဆုံးအချိန်လေးကနေ တစ်လတိတိဝိတ်ချရင်း ရည်မှန်းချက်ပန်းတိုင်ဆီအရောက်သွားမယ်ဆိုတဲ့ မြတ်သူသူ
သရုပ်ဆောင် မြတ်သူသူကတော့ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် ဗီဒီယိုဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသမီးတစ်ယောက်ဆိုပေမယ့် ကျန်းမာရေးအခြေအနေကြောင့် ကိုယ်အလေးချိန်တွေတက်လာခဲ့တဲ့ မြတ်သူသူဟာ သူမအနေနဲ့ ပရိသတ်တွေဖြစ်စေချင်တဲ့အတိုင်း ဝိတ်ချတော့မယ်ဆိုတဲ့အကြောင်းကို ပြောလာပါတယ်။
မြတ်သူသူက “ဒီပုံလေးက အခုလက်ရှိပေါင်ချိန် (150) ဘဝရဲ့အဝဆုံးအချိန်လေးမှာရှိနေတာပါ။ မနက်ဖြန်ကစပြီး (၁) လတိတိ နေရင် ဝိတ်ချပြီးပုံပြန်တင်ပေးပါမယ်နော်။ ဒီတလအတွင်းမှာ တိုင်ပင်ဆွေးနွေးပြီး ဝိတ်ချခဲ့တာလေးတွေလည်း သေချာပြန်တင်ပေးပါမယ် ။ Fighting နော် ကောင်မလေး 😁” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ လက်ရှိပုံလေးကိုပါ တင်ပေးလာခဲ့ပါတယ်။
မြတ်သူသူကတော့ သရုပ်ဆောင် မင်းသမီးဆိုပေမယ့် ကျန်းမာရေးအခြေအနေကြောင့် ကိုယ်အလေးချိန်တွေတက်လာခဲ့ရပြီး ဒီတစ်ခါမှာတော့ ပရိသတ်တွေ ဖြစ်စေချင်တဲ့အတိုင်း အရင်လို ပိန်ပိန်သွယ်သွယ်လေးဖြစ်အောင် ကြိုးစားတော့မယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Myat Thu Thu ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Myat Thu Thu ‘s fb