လက်ရှိဖြစ်ပေါ်နေတဲ့ ခံစားချက်လေးကို ပန်းချီအဖြစ်ပြောင်းလဲပြီး ပရိသတ်တွေကို အသိပေးခဲ့တဲ့ ဖွေးဖွေး

တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ရတဲ့ သရုပ်ဆောင်မလေး ဖွေးဖွေးကတော့ အကယ်ဒမီသုံးဆုတိတိကို ဆွတ်ခူးပိုင်ဆိုင်ထားနိုင်ရုံသာမက နိုင်ငံရပ်ခြားက ရုပ်ရှင်ထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဖွေးဖွေးက ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် မတရားဝရမ်းထုတ်ခံခဲ့ရပြီး သူမတိမ်းရှောင်နေစဉ်အချိန်အတွင်းမှာပဲ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းခဲ့ရတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အလုပ်တွေပြန်လည်လုပ်ကိုင်ခြင်းမရှိသေးတဲ့ ဖွေးဖွေးဟာ သူမရဲ့ ပရိသတ်တွေနဲ့လည်း မဆုံဖြစ်ခဲ့တာကြာပြီပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ဖေ့စ်ဘုတ် Story မှာ သူမအနေနဲ့ Overthinking ဖြစ်နေတဲ့အကြောင်းကို ပန်းချီပုံလေးနဲ့ ဖော်ပြခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ဖွေးဖွေးကတော့ ပန်းချီဆွဲရတာဝါသနာပါသူပီပီ သူမရဲ့လက်ရှိ စိတ်ခံစားချက်ကို ပန်းချီလေးနဲ့ ဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဖွေးဖွေးကို အရင်အတိုင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးလေးမြင်ချင်နေကြပြီပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Phway Phway ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

လက္ရိွျဖစ္ေပၚေနတဲ့ ခံစားခ်က္ေလးကို ပန္းခ်ီအျဖစ္ေျပာင္းလဲျပီး ပရိသတ္ေတြကို အသိေပးခဲ့တဲ့ ေဖြးေဖြး

တစ္နုိင္ငံလံုးက ပရိသတ္ေတြခ်စ္ရတဲ့ သရုပ္ေဆာင္မေလး ေဖြးေဖြးကေတာ့ အကယ္ဒမီသံုးဆုတိတိကို ဆြတ္ခူးပိုင္ဆိုင္ထားနိုင္ရံုသာမက နုိင္ငံရပ္ျခားက ရုပ္ရွင္ထူးခြ်န္ဆုေတြကိုလည္း ရရိွပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ ေဖြးေဖြးက ျပီးခဲ့တဲ့နွစ္မွာ နုိင္ငံေရးလႈပ္ရွားမႈေၾကာင့္ မတရားဝရမ္းထုတ္ခံခဲ့ရျပီး သူမတိမ္းေရွာင္ေနစဥ္အခ်ိန္အတြင္းမွာပဲ ဖခင္ျဖစ္သူ ကြယ္လြန္သြားခဲ့တာေၾကာင့္ ေတာ္ေတာ္ေလး စိတ္ထိခိုက္ဝမ္းနည္းခဲ့ရတာပဲျဖစ္ပါတယ္။

လက္ရိွအခ်ိန္ထိ အလုပ္ေတြျပန္လည္လုပ္ကိုင္ျခင္းမရိွေသးတဲ့ ေဖြးေဖြးဟာ သူမရဲ့ ပရိသတ္ေတြနဲ့လည္း မဆံုျဖစ္ခဲ့တာၾကာျပီပဲျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေဖြးေဖြးက သူမရဲ့ေဖ့စ္ဘုတ္ Story မွာ သူမအေနနဲ့ Overthinking ျဖစ္ေနတဲ့အေၾကာင္းကို ပန္းခ်ီပံုေလးနဲ့ ေဖာ္ျပခဲ့တာကို အခုလိုမ်ိဳးပဲ ေတြ့ရပါတယ္။

ေဖြးေဖြးကေတာ့ ပန္းခ်ီဆြဲရတာဝါသနာပါသူပီပီ သူမရဲ့လက္ရိွ စိတ္ခံစားခ်က္ကုိ ပန္းခ်ီေလးနဲ့ ေဖာ္ျပထားတာပဲျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ေဖြးေဖြးကို အရင္အတိုင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေပါ့ေပါ့ပါးပါးေလးျမင္ခ်င္ေနၾကျပီပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Phway Phway ‘s fb

error: Alert: Content is protected !!