လက်ရှိပျံ့နှံ့နေတဲ့ အင်တာဗျူးဗီဒီယိုတွေဟာ ကိုယ်ပိုင်သဘောဆန္ဒမပါပဲ ဖြေကြားခဲ့ရတာဖြစ်တယ်လို့ ပြောပြလာတဲ့ ပပဝင်းခင်

တချိန်က မင်းသမီးချောလေး ပပဝင်းခင်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ သီချင်း ဗီစီဒီတွေ တော်တော်များများမှာ နေရာယူထားနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ပပဝင်းခင်ဟာ သူမရဲ့ခေတ်အခါမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးလာခဲ့သလို လက်ရှိအနုပညာအလုပ်တွေ သိပ်မလုပ်ကိုင်တဲ့အချိန်အထိကို ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို ထာဝရရှိထားတဲ့ ပပဝင်းခင်ဟာ လတ်တလောမှာလည်း အင်တာဗျူးဗီဒီယိုမှာ ပြန်လည်ပြီး ပရိသတ်နဲ့ထိတွေ့ခဲ့မှုတွေရှိပြီး ဒီကနေ့မှာတော့ ပပဝင်းခင်ဟာ အဆိုပါ အင်တာဗျူးဗီဒီယိုတွေနဲ့ပတ်သက်ပြီး သူမရဲ့သဘောထားအမှန်ကို ပြောပြလာခဲ့ပါတယ်။ 

ပပဝင်းခင်က “အမှန်ကလေ ယူတို့ရဲ့ ငယ်ချစ်ဦးပပက interview ဆို ထွက်ထွက်ပြေးသူ တယောက်ပါ …. 🤭🤭🤭 ဟိုးအရင်ထဲကလဲ ပွဲမှာတွေ့မှ အားနာလို့ဖြေပေးခဲ့သလို တော်ရုံ ဖြေစရာလဲ သိပ်မရှိတော့ / မဖြေလဲမဖြေတတ်သူမို့ အမြဲ interview ဖြေခဲသူပါ။ ဒီအတောအတွင်း ၃နှစ်ကျော် mediaတွေဖုန်းတွေခဏခဏ ဇွဲမလျှော့ဆက်ကြတာ အားတောင်နာရတယ်။ ဘယ် interview မှ မဖြေခဲ့တာပါ ….🤗🤗🤗၃နှစ်ကျော် ပွဲတွေမတက်ဖြစ် / ဘာမှမရိုက်ခဲ့တာ။ ခုတလော photo shoot လေးတွေ ရိုက်ထားတာရှိပါတယ်။ ပွဲတွေ မတက်ပေးခဲ့တာ ဟိုနေ့ကD&Cဆိုင်ဖွင့်ပွဲလေးကလဲ အဲ့ကပွဲစီစဉ်တဲ့ ညီမလေးတွေရယ် ကိုစည်သူမောင်ကလာပြောတော့ မဖြေချင်သေးလို့ပါဆိုပြီး အကြိမ်ကြိမ် ငြင်းခဲ့တာ။ ဖြေပေးဖို့ အားလုံးက ( အကြိမ်ကြိမ် ) ပပကိုပါ အတင်းဆွဲခေါ်သွားလို့ အဲ့လောက်ငြင်းနေရင် မကောင်းပါဘူးလေဆိုပြီး အားနာလို့ ဖြေပေးခဲ့တာပါ …. ☺️☺️☺️”

“Interview လေးတက်လာတော့လဲ အနုပညာသက်တမ်းတလျှောက် လွမ်းနေကြတဲ့ ပပရဲ့ ငယ်ချစ်ဦးလေးတွေ အများကြီး အများကြီး ချစ်ပေး ဝန်းရံပေးလို့ အားလုံးးကို ကျေးဇူးအများကြီး တင်ရသလို ရင်ထဲ အရမ်းကြည်နူးရပါတယ် 😘😘😘ပန်းဆီရောင်အကျ်ီလေးနဲ့က Photo Shooting နေ့လေးပါ။ ပပလဲ Mediaတွေ အများကြီးရောက်နေတာ ပပ လုံးဝမသိပါဘူး။ မိတ်ကပ်လိမ်းပြီး ထွက်လာတော့ လန့်ပါ လန့်သွားတာ 😁😁😁အားလုံးလဲ ရောက်နေပြီ မဖြေရင်လဲ မကောင်းတဲ့အခြေအနေမို့ အားလုံးကို လေးစားသမှုနဲ့ အားနာလို့ ဖြေပေးခဲ့တာပါ။ အားလုံးကိုလဲ ကျေးဇူးတင်ရပါတယ်🥰🥰🥰Interviewလေးမှာ ငယ်ချစ်ဦးလေးတွေရဲ့ ရင်ထဲက အချစ်တွေ အများကြီး အများကြီးကို အတိုင်းမသိ သိလိုက်ရလို့လဲ အနုပညာသက်တမ်း ပပရဲ့ကြိုးစားခဲ့သမျှ တကယ့်ကို ကျေနပ် ပီတိဖြစ်ရပါတယ်။ အနုပညာရှင်တိုင်းက ချစ်ပရိသတ်တွေရဲ့ရင်ထဲက အချစ်တွေဟာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ပပမှာ ငယ်ချစ်ဦးလေးတွေ အများကြီး အများကြီးရှိတာကို သိခွင့်ရတာ ဘဝအတွက် အမှတ်တရပါပဲ။ ငယ်ချစ်ဦးလေးတွေအားလုံးးးးးရော ,,, ပပကို ချစ်ပေး တန်ဖိုးထားပေးတဲ့ အချစ်တွေအားလုံးးးးးကိုရော ,,,, ပပရင်ထဲက အရမ်းချစ်တယ်နော် 😘😘😘” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ပပဝင်းခင်ကတော့ ပရိသတ်ချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အင်တာဗျူးတွေကိုတော့ ဖြေချင်သူတစ်ယောက်မဟုတ်ဘူးလို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပပဝင်းခင်ကတော့ သူမရဲ့ဆန္ဒမပါပဲနဲ့လည်း အားလုံးကို လေးစားသမှုနဲ့ ဖြေကြားပေးခဲ့တာချည်းပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Pa Pa Win Khin’s fb

error: Alert: Content is protected !!