လက်ရှိပုံစံလေးနဲ့မတူတဲ့ ရှားရှားပါးပါးငယ်ဘဝပုံရိပ်လေးတစ်ခုကို ပြသလာခဲ့တဲ့ သန္တာဗိုလ်
သရုပ်ဆောင် အကယ်ဒမီမင်းသမီး ချောရတနာရဲ့ ညီမဖြစ်သူ သန္တာဗိုလ်က သူမရဲ့ ရှည်လျားတဲ့ အရပ်အမောင်းနဲ့ အမိုက်စား ရုပ်ရည်ကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေလည်း အားပေးခြင်းခံရသူတစ်ယောက် ဖြစ်ပါတယ်။သရုပ်ဆောင် သန္တာဗိုလ်က မော်ဒယ်လောကမှာ ထိပ်ဆုံးက ရပ်တည်နေသူတစ်ဦးဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေ အားပေးခြင်းကို ခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သန္တာဗိုလ်က သူမနဲ့ သရုပ်ဆောင် ကောင်းပြည့်ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေ စိတ်ဝင်စားကြတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ သန္တာဗိုလ်က သူမရဲ့ ရှားရှားပါးပါးငယ်ဘဝပုံရိပ်လေးတစ်ခုကို ပြလာခဲ့ပါတယ်။ သန္တာဗိုလ်ရဲ့ ငယ်ဘဝပုံရိပ်လေးကတော့ လက်ရှိပုံစံနဲ့မတူပဲ တစ်မျိုးလေးချစ်စရာကောင်းနေပြီး သန္တာဗိုလ်ကတော့ “တို့ဘယ်လောက်လှလဲ” ဆိုပြီး သူမကိုယ်သူမ အရွှန်းဖောက်ခဲ့ပါတယ်။
သန္တာဗိုလ်ကတော့ အခုလက်ရှိလည်း လူကြီးဆန်ဆန် အမိုက်စားပုံစံလေးနဲ့ အရမ်းလှသလို ငယ်ငယ်ကလည်း အရမ်းချစ်စရာကောင်းတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ သန္တာဗိုလ်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thandar Bo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Thandar Bo’s fb