လက်ရှိတွဲနေတဲ့ ချစ်သူကောင်လေးကို မွေးနေ့ဆုတောင်းပေးရင်း ပရိသတ်တွေဆီ ပြသလာခဲ့တဲ့ နီလန်း

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့တဲ့ နီလန်းကို ပရိသတ်ကြီးအားလုံး မှတ်မိဦးမယ် ထင်ပါတယ်။ နီလန်းဟာ ပြိုင်ပွဲတစ်လျှောက် စိတ်ပင်ပန်း ခက်ခဲမှုတွေနဲ့ ကြုံဆုံခဲ့ရပြီး Winner ဆုကြီးနဲ့လည်း လွဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နီလန်းက သူမဝါသနာပါတဲ့ သီချင်းဆိုတဲ့အလုပ်နဲ့ မိတ်ကပ်ဖန်တီးရှင်အလုပ် နှစ်ခုကို သင့်တင့်မျှတစွာ လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။  

ပရိသတ်ကြီးသိပြီးသားအတိုင်း နီလန်းရဲ့ အရင်က ချစ်သူကောင်လေးဟာ အက်ဆီဒင့်တစ်ခုကြောင့် ကွယ်လွန်သွားခဲ့ရတာဖြစ်ပြီး နီလန်းဟာလည်း ချစ်သူအတွက် တော်တော်လေး စိတ်သောကရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နီလန်းဟာ သူမရဲ့ဘဝကို အကောင်းဆုံးရှေ့ဆက်လျှောက်နေလျက်ရှိပြီး ချစ်သူသစ်တစ်ယောက်လည်း ရရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နီလန်းက သူ့ရဲ့ချစ်သူကောင်လေးကို မွေးနေ့ဆုတောင်းပေးရင်း သူမတို့နှစ်ယောက်ရဲ့ အခြေအနေကို ပရိသတ်တွေဆီ ပြသလာပါတယ်။

နီလန်းကတော့ ချစ်သူနဲ့ အတူတူ သာယာတဲ့နေ့ရက်တွေကို ရှေ့ဆက်နေတာပဲ ဖြစ်ပါတယ်။ နီလန်းတို့ ချစ်သူနှစ်ယောက် ရာသက်ပန် ပျော်ပျော်ရွှင်ရွှင်ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nilen’s fb

error: Alert: Content is protected !!