လက်ထပ်ဖို့ရည်ရွယ်ထားပြီဖြစ်တဲ့ ချစ်သူလေးနဲ့အတူတူ မေမေ့ကိုပါခေါ်ပြီး မိသားစုညစာစားခဲ့ကြတဲ့ နေဒွေး

သရုပ်ဆောင်နေဒွေးကတော့ ပရိသတ်တွေအတွက် အထွေအထူးမိတ်ဆက်ပေးဖို့မလိုတဲ့ နာမည်ရမင်းသားတစ်ယောက်ပါပဲ။ နေဒွေးဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ နာမည်ရလာခဲ့သူတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းမှာတော့ မိသားစုစီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေရတာမို့ အနုပညာအလုပ်တွေကို လျှော့ချပြီး လုပ်ကိုင်လာခဲ့တာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ နေဒွေးဟာ ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်ပေးနေလျက်ရှိပြီး သူပိုင်ဆိုင်တဲ့ ဆန်စက်စီးပွားရေးလုပ်ငန်းကိုလည်း ဦးဆောင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။     

အချစ်ရေးနဲ့ပတ်သက်ပြီး အမြဲတမ်းကံမကောင်းခဲ့တဲ့ နေဒွေးဟာ အခုဆိုရင် သူကလည်းချစ်မြတ်နိုးပြီး သူ့ရဲ့မေမေကလည်း သဘောတူကြည်ဖြူတဲ့ ချစ်သူကောင်မလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ (၁၃) ရက်နေ့မှာတော့ နေဒွေးဟာ သူ့ရဲ့မေမေနဲ့ ချစ်သူကိုပါခေါ်ပြီး မိသားစုညစာစားခဲ့ကြတယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

နေဒွေးကတော့ လာမယ့်နှစ်အတွင်း ချစ်သူနဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားပြီး သူ့ရဲ့မေမေကလည်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ကြည်ဖြူတယ်လို့ ပွင့်ပွင့်လင်းလင်းပြောကြားထားပါသေးတယ်။ နေဒွေးတစ်ယောက် အခုလိုလေး တည်တည်ငြိမ်ငြိမ်လေးဖြစ်သွားခဲ့တာကို သူ့ရဲ့မေမေကလည်း သဘောကျနေမှာ အသေအချာပါပဲ။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nay Dway’s fb

error: Alert: Content is protected !!